ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်အုပ်စုအား စစ်ဆင်ရေးပြုလုပ်တိုက်ခိုက်နေသည့် မြို့ပြပြောက်ကျားတော် လှန်ရေးအင်အားစု ၁၄ဖွဲ့ပူးပေါင်းကာ Yangon UG Association (YUA)အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သက်ဆိုင်ရာအဖွဲ့အသီးသီးက ကြေညာချက်များထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီနှင့်၎င်းတို့ လက်ပါးစေထောက်တိုင်များကိုအမြစ်ပြတ်တွန်းလှန်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်လာရေးအပါအဝင် CDM ဝန်ထမ်းများ၏ အသက်အိုးအိမ်စည်းစိမ်များကာကွယ်စောင့်ရှောက်နိုင်ရန် YUA ကိုဖွဲ့စည်းခြင်းဟု အသိပေးသည်။
“ငါတို့ညီအကို ၁၄ဖွဲ့ အားနဲ့လာမယ် မင်တို့ခံနိုင်သလောက်ခံပေါ့ ။မဆုတ်စတမ်းအနေနဲ့ ငါတို့ရွေ့မယ်ငါတို့လုပ်မယ်။သွေးကြွေးကို မကျန်အောင်ဆပ်မယ်။ လုံးဝအုပ်ချုပ်ခွင့်မရစေရအတွက် ငါတို့တွေလာပြီ။ ရန်ကုန် မှာ ရန်တွေကုန်ဖို့ ငါတို့လာပြီ ဆက်ဆက်စောင့်နေပါ “ဟု မြို့ပြပြောက်ကျားအဖွဲ့ TUGF က ပြောသည်။
YUA တွင် Wolf Warriors STF (WWSTF)၊God’s Hand Forces (GHF)၊Thongwa Youth Force (TYF)၊ Kyauktan PDF (K-PDF)၊Thanlyin Dragon Force (TL Dragon)၊Scorpion Forces Underground (SFU) နှင့် Bahan’s Guerrilla Force (B-PDF) တို့ ပါဝင်သည်။

Public Service Announcement
အလားတူ Secret Underground Force (Kyauktan)၊ Human Rights Defenders (HRD)၊ Generation Z Defence Force &Supply Army (GZDF)၊ Burme Final Revolution Army Forces (BFRAF)၊ဒို့ရိုးရာ ညီနောင်ပျောက်ကြားတပ်ဖွဲ့ (DYY)၊Special Nway Oo (SNO) နှင့် Thaketa’s Urban Guerrilla Force (TUGF)တို့မှာလည်း YUA အဖွဲ့ဝင်များဖြစ်ကြောင်း အသီးသီး ထုတ်ပြန်ထားသည်။
စစ်အာဏာရှင်တွန်းလှန်ရေးတွင် အဓိက အစိတ်ပိုင်းတစ်ခုဖြစ်သည့် မြို့ပြပြောက်ကျားစစ်ဆင်ရေးများအတွက် တော်လှန်ရေးအင်အားစုများကို ကျေးဇူးအထူးတင်ရှိပြီး လိုအပ်သည်များကို တက်နိုင်သည့်ဘက်မှ ကူညီကြရန် YUA ဖွဲ့စည်းခြင်းအပေါ် ပြည်သူအချင်းချင်းကြား တိုက် တွန်းမှတ်ချက်ပေးလျက်ရှိသည်။


















































