Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်းအတွက် တာလတ်နဲ့ တာဝေး လေကြောင်းပစ် ဒုံးကျည်တွေ ထောက်ပံ့ဖို့ အမေရိကန် စီစဉ်နေ

လောလောဆယ်မှာ ဘိုင်ဒန်ဟာ G7 အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေနဲ့အတူ ဂျာမနီမှာ အစည်းအဝေး သွားတက်နေပါတယ်။ ဒီအစည်းအဝေးဟာ ရုရှား-ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ G7ရဲ့ အနာဂတ် မူဝါဒတွေကို အဓိက ဆွေးနွေးဖို့ ရည်ရွယ်ထားတာပါ။

တာလတ်ပစ်နဲ့ တာဝေးပစ် လေကြောင်း ကာကွယ်ရေး ဒုံးကျည်တွေ ဝယ်ယူပြီး ယူကရိန်းကို ထောက်ပံ့ဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က စီစဉ်နေကြောင်း သိရပါတယ်။

ဒီကိစ္စနဲ့ နီးနီးစပ်စပ်ရှိတဲ့ အမေရိကန် အစိုးရ အရာရှိ တချို့က ဘိုင်ဒန်ဟာ နည်းပညာ အဆင့်မြင့်ပြီး တာလတ်၊ တာဝေးတွေ ပစ်ခတ်နိုင်တဲ့ မြေပြင်က ဝေဟင်ပစ် ဒုံးကျည် လက်နက်တွေ ဝယ်ယူရေးကိစ္စကို ထဲထဲဝင်ဝင် ဆွေးနွေးနေပြီး မကြာခင် ထုတ်ပြန် အတည်ပြုလိမ့်မယ်လို့ ပြောပါတယ်။

လောလောဆယ်မှာ ဘိုင်ဒန်ဟာ G7 အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေနဲ့အတူ ဂျာမနီမှာ အစည်းအဝေး သွားတက်နေပါတယ်။ ဒီအစည်းအဝေးဟာ ရုရှား-ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ G7ရဲ့ အနာဂတ် မူဝါဒတွေကို အဓိက ဆွေးနွေးဖို့ ရည်ရွယ်ထားတာပါ။

အစောပိုင်းမှာ ဘိုင်ဒန်က အမေရိကန်ဟာ ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းကို ကူညီဖို့ ခေတ်မီ ဒုံးကျည်တွေ ပိုမို ထောက်ပံ့ ပို့ဆောင်သင့်တယ်လို့ ယူဆကြောင်း မှတ်ချက် ပေးခဲ့ဖူးပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း ဘိုင်ဒန် အပါအဝင် G7 နိုင်ငံ ခေါင်းဆောင်တွေကို အွန်လိုင်း ဗီဒီယိုနဲ့ ချိတ်ဆက် တွေ့ဆုံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘိုင်ဒန်ဟာ ယူကရိန်းအတွက် အမေရိကန်ရဲ့ စစ်ရေး အထောက်အပံ့ အစီအမံသစ်တွေကို အခု သီတင်းပတ်ထဲမှာ ကြေညာဖွယ် ရှိနေပါတယ်။ အဲဒီ ထောက်ပံ့ရေး စီမံကိန်းမှာ လက်နက်ကြီး ကျည်ဆန်တွေ၊ ရေဒါစနစ်တွေ ပေးပို့မယ့် ကိစ္စလည်း ပါဝင်လာနိုင်ပါတယ်။

ယူကရိန်း အစိုးရဟာ NASAMSလို့ ခေါ်ဝေါ်တဲ့ ဒုံးကျည် ကာကွယ်ရေး စနစ်တွေ အကူအညီ တောင်းခံထားပြီး အဲဒီ စနစ်မှာ ပါဝင်တဲ့ ဝေဟင်ပစ် ဒုံးကျည်တွေဟာ မိုင် ၁၀၀ လောက် အကွာက ပျံသန်းလာတဲ့ ရန်သူ ပစ်မှတ်တွေကိုတောင် ဖျက်ဆီးနိုင်ပါတယ်။

ဘိုင်ဒန်က ဒီလက်နက် စနစ်ကို အမှန်တကယ် ထောက်ပံ့ ပေးအပ်ခဲ့တယ် ဆိုရင်တောင် ယူကရိန်း စစ်တပ်က လက်တွေ့ အသုံးချနိုင်အောင် လေ့ကျင့်ဖို့ အချိန်ယူရလိမ့်မယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

အမေရိကန်ဟာ ရုရှား-ယူကရိန်း စစ်ပွဲ စကတည်းက ယူကရိန်းအတွက် လုံခြုံရေး အထောက်အပံ့ အစီအမံတွေ ပုံမှန် သတ်မှတ် ကူညီနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း ယူကရိန်းအတွက် အတွဲလိုက် ပစ်ခတ်နိုင်တဲ့ လက်နက်ကြီးစနစ် ၄ ခု အပါအဝင် စစ်ရေး အထောက်အပံ့ ဒေါ်လာ သန်း ၄၅၀ ဖြည့်တင်း ကူညီမယ်လို့ အမေရိကန် အစိုးရက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားဟာ လာမယ့် လပိုင်းတွေအတွင်း ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေကို ပိုပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေဦးမယ်လို့ အမေရိကန် စစ်ထောက်လှမ်းရေးတွေက ခန့်မှန်းထားပါတယ်။ ခုခံစစ် ဆင်နွှဲနေရတဲ့ ယူကရိန်းဟာ ဆိုဗီယက်ခေတ် လက်ကျန် လက်နက်တွေကို အားကိုး နေရဆဲဖြစ်တာကြောင့် အနောက်နိုင်ငံတွေဆီက ပိုပြီး ခေတ်မီတဲ့၊ အစွမ်းထက်တဲ့ လက်နက် စနစ်တွေ အကူအညီ တောင်းခံနေတာပါ။

လက်နက် ကဏ္ဍနဲ့ ပတ်သက်ပြီး ယူကရိန်းကို ထဲထဲဝင်ဝင် ပံ့ပိုးဖို့ ဆိုတာနဲ့ ပတ်သက်လို့ အနောက်ဥရောပ နိုင်ငံကြီးတွေကြားမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေပြီး အမေရိကန် အစိုးရကတော့ ယူကရိန်းအတွက် လက်နက်အသစ်တွေ တိုးမြှင့် ပို့ဆောင်ဖို့ ဆုံးဖြတ်ပြီးဖြစ်ကြောင်း အတည်ပြု ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။