Connect with us

Hi, what are you looking for?

ဗီဒီယို

မြန်မာ​ရွေ့​​ပြောင်းလုပ်သား​တွေကို ထိုင်းအစိုးရကာကွယ်ဆေးထိုး ကိုဗစ်ကာကွယ်​ဆေးထိုး​ပေး

မဲဆောက်မြို့နယ်အတွင်း ကိုဗစ်ရောဂါ တတိယလှိုင်းမှာ ကူးစက်ခံရသူတိုးမြင့်လာပြီး ထိုင်းနိုင်ငံသားအပြင် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေပါ ကိုဗစ်ကူးစက်မှုနှုန်း ဆက်လက်မြင့်မားနေပြီး သေဆုံးမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။

မဲဆောက်မြို့က ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ပထမဆုံးအကြိမ်အဖြစ် ထိုင်းအစိုးရက ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ထံကနေ သိရပါတယ်။

ဒီကနေ့ သြဂုတ် ၁၇ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့ Robinson ကုန်တိုက်၀န်းထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပထမဆုံးအကြိမ် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေတာပါ။

မဲဆောက်မြို့နယ်အတွင်း ကိုဗစ်ရောဂါ တတိယလှိုင်းမှာ ကူးစက်ခံရသူတိုးမြင့်လာပြီး ထိုင်းနိုင်ငံသားအပြင် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေပါ ကိုဗစ်ကူးစက်မှုနှုန်း ဆက်လက်မြင့်မားနေပြီး သေဆုံးမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းအစိုးရက ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ထိုးဖို့ စီစဉ်ခဲ့တာလို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုးပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ Sinovac ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး အခမဲ့ဖြစ်ထိုးပေးတာလို့ အလုပ်သမားတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။