Connect with us

Hi, what are you looking for?

ဗီဒီယို

ယောနယ်မှာ စစ်​ကောင်စီယာဥ်မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ရုပ်သံဖိုင်​ ဖေ့စ်ဘွတ်ခ်မှာ လူကြိုက်များ​နေ

ာ ​ယော​ဒေသကာကွယ်​ရေးတပ်ဖွဲ့(YDF)ကစစ်​ကောင်စီယာဥ်တန်းကို တိုက်ခိုက်တာဖြစ်တယ်လို့ ​ဒေသခံတစ်ဦးက​ပြောပါတယ်။ ဒါ​ပေမယ့် ဘယ်​နေ့က တိုက်ခိုက်တယ်ဆိုတာရယ် ၊စစ်​ကောင်စီတပ်က ဘယ်နှစ်ဦး​သေဆုံးခဲ့တယ်ဆိုတာ​မသိ့ရ​သေးပါဘူး။

အာဏာသိမ်းစစ်​ကောင်စီယာဥ်တန်းက ယာဥ်ငယ်တစ်စီးကို မိုင်းခွဲတိုက်ခိုက်တဲ့ ရုပ်သံဖိုင်တစ်ဖိုင် ဒီ​နေ့ညမှာ ​ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်မှာ ပျံ့နှံ့လာပါတယ်။

​ယော​​​ဒေသ မှာ ​ယော​ဒေသကာကွယ်​ရေးတပ်ဖွဲ့(YDF)ကစစ်​ကောင်စီယာဥ်တန်းကို တိုက်ခိုက်တာဖြစ်တယ်လို့ ​ဒေသခံတစ်ဦးက​ပြောပါတယ်။ ဒါ​ပေမယ့် ဘယ်​နေ့က တိုက်ခိုက်တယ်ဆိုတာရယ်၊ စစ်​ကောင်စီတပ်က ဘယ်နှစ်ဦး​သေဆုံးခဲ့တယ်ဆိုတာ​မသိ့ရ​သေးပါဘူး။

အရှိန်နဲ့သွား​နေတဲ့စစ်​ကောင်စီ ယာဥ်ငယ်ကို အတိအကျထိ့​အောင် မိုင်းခွဲ တိုက်ခိုက်တဲ့ ရုပ်သံဖိုင်ကို ကြည့်ရှုပြီး​တော့ စစ်အာဏာရှင်စနစ်မုန်းတီးစက်ဆုတ်တဲ့ပြည်သူ​တွေက မိုင်းခွဲတဲ့ PDF ​တွေကို ချီးကျူး​နေကြပါတယ်။နာရီပိုင်းအတွင်း ကြည့်ရှုသူ တစ်သိန်းတစ်​သောင်း​ကျော်၊ ကြိုက်နှစ်သက်သူ တစ်​သောင်းခုနှစ်​ထောင်​ကျော်၊ ပြန်လည်မျှ​ဝေသူ နဲ့ တစ်​သောင်းနှစ်​ထောင်​ကျော်ရှိပါတယ်။

YDF က သြဂုတ် ၁၈ရက်ည​နေပိုင်းမှာ အာဏာသိမ်းစစ်​ကောင်စီရဲ့ အစီး ၄၀ ​ကျော်ပါတဲ့ယာဥ်တန်းကို က​လေးနှင့်ဂန့်​ဂေါ် ကားလမ်း​ပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကား ၂ စီးကိုထိမှန်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ​ကျော်​သေပြီး ၁၀ ဦးခန့်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ​ယော​ဒေသကာကွယ်​ရေးတပ်ဖွဲ့က ဒီ​နေ့သတင်းထုတ်ပြန်ထားပါ​သေးတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook