Connect with us

Hi, what are you looking for?

သတင်း

ကျုံမငေးမြို့ ရေလယ်ကျွန်းအုပ်ချုပ်ရေးမှူးရုံးအား ဖောက်ခွဲတိုက်ခိုက်

အထက်ပါ စစ်ကောင်စီတပ်သဘော်အားတိုက်ခိုက်မှုတွင် သင်္ဘောတစ်စီးထိခိုက်ပျက်စီးခဲ့သော်လည်း စစ်ကောင်စီတပ်များထိခိုက်သေဆုံးမှုရှိ၊မရှိ မသိရသေးပေ။

ကျုံမငေးမြို့
ကျုံမငေးမြို့

ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ ရေလယ်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဝါးခယ်မ မြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့(သြဂုတ် ၃၁) ထုတ်ပြန်သည်။

ယနေ့နံနက် ၄ နာရီခန့်က ရေလယ်ကျွန်းကျေးရွာမှ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကို ချိန်ကိုက်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေအား မသိရသေးကြောင်း ဖော်ပြသည်။

အထက်ပါတိုက်ခိုက်မှုဖြစ်စဥ်တွင် ချိန်ကိုက်မှုလုပ်ထားသော မိုင်းမှာသတ်မှတ်အချိန်အတွင်းပေါက်ကွဲမှုမရှိဘဲ အချိန်ကျော်သွားခြင်းကြောင့် အဆိုပါရုံးနားသို့ ပြည်သူများအသွားအလာမပြုလုပ်ကြရန် သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။

“ကွဲတဲ့အချိန်တော့ မသိရသေးပါဘူး။ ချိန်ကိုက်လုပ်ထားတာ။ အချိန်ကျော်သွားလို့ သတိပေးစာ ထုတ်လိုက်တာပါ။ မိုးလင်းရင် ပြည်သူတွေသွားလာတာ ထိမှာစိုးလို့”ဟု ဝါးခယ်မ မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ရေလယ်ကျွန်းကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးသည် ဒေသခံပြည်သူများအပေါ် အာဏာပြခြင်း၊ ခြိမ်းခြောက်ခြင်းအပါအဝင် ပြည်သူအားနိုင်လွန်မင်းထက်ပြုမူနေသည်ဟု တိုင်ကြားလာသဖြင့် သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း အထက်ပါရဲဘော်က ပြောသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းကလည်း ကျုံမငေးမြို့ပေါ်မှတဆင့် ကျေးရွာများဘက်သွားရောက်မည့် စစ်ကောင်စီတပ်သဘော်နှစ်စီးမှ တစ်စီးကို အမည်မသိအဖွဲ့အစည်းတစ်ခုက ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ သဘော်တစ်စီးပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။

အထက်ပါ စစ်ကောင်စီတပ်သဘော်အားတိုက်ခိုက်မှုတွင် သင်္ဘောတစ်စီးထိခိုက်ပျက်စီးခဲ့သော်လည်း စစ်ကောင်စီတပ်များထိခိုက်သေဆုံးမှုရှိ၊မရှိ မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂ ဦးထပ်တိုးပြီး စုစုပေါင်း ၅ ဦးအထိရှိလာကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။