Connect with us

Hi, what are you looking for?

ဗီဒီယို

ရုရှားလက်က လွတ်မြောက်လာတဲ့ မြို့ထဲမှာ လူပေါင်း ရာနဲ့ချီ မြှုပ်နှံထားတဲ့ သင်္ချိုင်းနေရာ ရှာတွေ့

ယူကရိန်းနဲ့ အနောက်မဟာမိတ်နိုင်ငံ အစိုးရတွေက ရုရှားတပ်တွေဟာ ယူကရိန်းက ထိန်းချုပ်နယ်မြေတွေမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲဖူးပေမယ့် ရုရှား အစိုးရက ငြင်းဆိုထားပါတယ်။

ရာနဲ့ချီ များပြားတဲ့ ရုပ်အလောင်းတွေ အစုလိုက် အပြုံလိုက် မြှုပ်နှံထားရာ သင်္ချိုင်းနေရာ တစ်ခုကို ရုရှားလက်ထဲက ပြန်လည် သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့ထဲမှာ ရှာတွေ့ခဲ့ကြောင်း ယူကရိန်းက ထုတ်ပြန်ပါတယ်။

အစ်ဇ်ယွမ်မြို့ဟာ အခုလထဲမှာ ယူကရိန်းတပ်တွေ လွတ်လပ်ရေး ပြန်လည် ရယူမပေးနိုင်ခင် ရုရှားလက်အောက်မှာ အချိန် ၅ လလောက် ကြာအောင် ကျရောက်နေခဲ့ပါတယ်။ အခုအခါ ရုရှားတပ်တွေ ဆုတ်ခွာ ထွက်ပြေးသွားပြီဖြစ်ပြီး မြို့ထဲကို လိုက်လံ ရှင်းလင်းချိန်မှာ အမှတ်အသား မရှိတဲ့ သင်္ချိုင်းနေရာကို ရှာတွေ့ခဲ့တာလို့ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလိုဒီမာ တိုင်မော့ရှ်ကိုက ပြောပါတယ်။

အစ်ဇ်ယွမ်မြို့ အရှေ့မြောက်ပိုင်းမှာ တွေ့ရှိခဲ့တဲ့ သင်္ချိုင်းနေရာမှာ ရုပ်အလောင်း ၄၄၀ ထက်မနည်း မြှုပ်နှံထားဖွယ် ရှိတယ်လို့ မှုခင်း ဆေးပညာရှင်တွေက ခန့်မှန်းထားပါတယ်။ သေဆုံးသူတွေ ဘယ်သူဘယ်ဝါလဲ ဆိုတာကိုတော့ လောလောဆယ် စုံစမ်းဖော်ထုတ်ဖို့ မလွယ်သေးပါဘူး။

ရုရှားတွေ ထားခဲ့တဲ့ နေရာတိုင်းမှာ သေခြင်းတရားတွေ စိုးမိုးနေတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။ ဒါဟာ ရုရှားတပ်တွေ ဆုတ်ခွာသွားတဲ့ နယ်မြေတွေမှာ အစုအပြုံလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်းနေရာတွေ အရင်ကလည်း တွေ့ရှိဖူးတဲ့ အခြေအနေတွေအပေါ် ရည်ညွှန်းထားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းနဲ့ အနောက်မဟာမိတ်နိုင်ငံ အစိုးရတွေက ရုရှားတပ်တွေဟာ ယူကရိန်းက ထိန်းချုပ်နယ်မြေတွေမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲဖူးပေမယ့် ရုရှား အစိုးရက ငြင်းဆိုထားပါတယ်။

အခုလို အမှတ်အသား မရှိတဲ့ သင်္ချိုင်းနေရာတွေမှာ မြှုပ်နှံ ခံရသူတွေဟာ ဘယ်လို ကံကြမ္မာမျိုးနဲ့ ကြုံခဲ့သလဲဆိုတာ အတိအကျ မသိရပေမယ့် လက်နက်ကြီးနဲ့ ဒုံးကျည် ထိမှန်သူတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးဝါး အထောက်အပံ့ ပြတ်တောက်ပြီး သေဆုံးသူတွေလည်း ပါဝင်ဖွယ်ရှိတယ်လို့ ယူကရိန်း အာဏာပိုင်တွေက သုံးသပ်ထားပါတယ်။ ပြီးတော့ တချို့ သင်္ချိုင်းမြေပုံတွေက ယူကရိန်း စစ်သားတွေကို မြှုပ်နှံထားတယ်လို့ ယုံကြည်ရတဲ့ အထောက်အထားတွေလည်း တွေ့ရပါတယ်။

တိုင်မော့ရှ်ကိုက ရုပ်အလောင်းတွေကို ပြန်ဖော်ပြီး မှုခင်းဆိုင်ရာ စစ်ဆေးမှုတွေကို အခုသီတင်းပတ်မှာ စတင်မယ်လို့ ပြောပါတယ်။ ဘူချာ၊ မာရီပိုလ်တို့မှာလိုပဲ အခုလည်း အစ်ဇ်ယွမ်မှာ မှတ်တမ်း မှတ်ရာ သေချာမရှိတဲ့ အစုလိုက် အပြုံလိုက် မြှုပ်နှံရာ သင်္ချိုင်းတစ်ခု ထပ်ရှာတွေ့ခဲ့ပြီဖြစ်ကြောင်း၊ ရုရှား သိမ်းပိုက်မှု ခံရတဲ့ နယ်မြေတွေမှာ ဘယ်လို ကြမ်းကြုတ် ရက်စက်မှုတွေ ကျူးလွန်ခံခဲ့ရတယ်ဆိုတာ တစ်ကမ္ဘာလုံး သေချာ သိမြင်စေချင်ကြောင်းလည်း သူက ဆိုပါတယ်။

အစ်ဇ်ယွမ်ဟာ ယူကရိန်း အရှေ့ဖျား ဒေသက ရှေ့တန်းစစ်မြေပြင်အတွက် အရေးပါတဲ့ သယ်ယူပို့ဆောင်ရေး ဆုံချက်နေရာတစ်ခု ဖြစ်ပါတယ်။ ရုရှားတပ်တွေ ဆုတ်ခွာသွားချိန်မှာတော့ သောက်သုံးရေ ဖြန့်ဝေမှု အပါအဝင် မြို့ရဲ့ အခြေခံ အဆောက်အအုံ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးနေပြီး မြို့ကလည်း မြို့ပျက် တစ်ခုလို ဖြစ်ကျန်ခဲ့ပါတယ်။ ပြိုကျနေတဲ့ အဆောက်အအုံ အပျက်အစီးတွေ ကြားထဲမှာ ခုထိ လိုက်မကောက်ရသေးတဲ့ အလောင်းတွေလည်း ရှိနေသေးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။