Connect with us

Hi, what are you looking for?

ဗီဒီယို

Moderna အလုံး​ရေ ၁.၆ သန်းကျော်ကို ထိုးနှံဖို့ ဆိုင်းငံ့လိုက်တဲ့ဂျပန်

Moderna ကုမ္ပဏီက ထုတ်လုပ်တဲ့ Covid-19 ကာကွယ်ဆေး အလုံးရေ ၁.၆ သန်းကျော်ကို ဂျပန် အစိုးရက သုံးစွဲခွင့် ဆိုင်းငံ့ထားလိုက်ပါတယ်။

အမေရိကန် ကုမ္ပဏီ Moderna ရဲ့ဆေးဟာ လက်ရှိ စျေးကွက်ထဲက Covid-19 ကာကွယ်ဆေးတွေထဲမှာ အစွမ်းအထက်ဆုံး အမျိုးအစား တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။ ဒါပေမဲ့ ဆေးထဲမှာ လူသားတွေအတွက် မသင့်တော်တဲ့ ဓာတ်ပစ္စည်းတချို့ ရောနှော ပါဝင်နေနိုင်တယ်လို့ ယူဆတဲ့အတွက် ဂျပန်မှာ အသုံးပြုခွင့် ဆိုင်းငံ့ထားလိုက်တာပါ။

Moderna ရဲ့ ထိုးဆေး ၅ သိန်း ၆ သောင်းလောက်မှာ ကာကွယ်ဆေးနဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ ပြင်ပ ဓာတ်ပစ္စည်းတွေ ရောနှော ပါဝင်နေနိုင်တယ်လို့ ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ အမေရိကန်ကနေ ဆေးဝါး မှာယူပြီး ပြန်လည် ရောင်းချပေးနေတဲ့ တာဂီဒါ ဆေးဝါးကုမ္ပဏီက Moderna ဆီက ဆေးတွေကို သုံးသုတ်ခွဲ ဝယ်ယူထားကြောင်း၊ အဲဒီထဲက တစ်သုတ်ကို စစ်ဆေးတဲ့အခါ အခုကိစ္စမျိုး ကြုံလာတာဖြစ်ကြောင်း ပြောပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက Moderna ရဲ့ ကာကွယ်ဆေး အလုံးရေ ၁.၆၃ သန်းလောက်ကို အသုံးပြုခွင့် ဆိုင်းငံ့ထားစေမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီပြဿနာမျိုး စပိန်မှာလည်း ကြုံတွေ့ခဲ့ပေမယ့် အသေးစိတ် ထုတ်ပြန်တာမျိုးတော့ မရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

Moderna ကတော့ လက်ရှိ အချိန်ထိ သူတို့ ကာကွယ်ဆေးရဲ့ ဘေးအန္တရာယ် ကင်းရှင်းမှုနဲ့ အာနိသင် ထိရောက်မှု အပိုင်းတွေမှာ ဘယ်လို ကြီးကြီးမားမား အမှားအယွင်းမှ မတွေ့သေးဘူးလို့ ဖြေရှင်းထားပါတယ်။ တာကီဒါ ကုမ္ပဏီက Moderna ရဲ့ ကာကွယ်ဆေးထဲမှာ ဘယ်လို ပြင်ပ ဓာတ်ပစ္စည်းမျိုး ရောနှောနေသလဲ ဆိုတာကိုတော့ ထုတ်မပြောသေးပါဘူး။

ဂျပန်ဟာ လတ်တလောမှာ Covid-19 ရောဂါ ကူးစက်မှုတွေ တဟုန်ထိုး မြင့်တက်လာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဂျပန် လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်သာ ကာကွယ်ဆေး နှစ်ကြိမ် အပြည့် ထိုးထားပြီး တစ်ကြိမ်သာ ထိုးထားသူ ၅၀ ရာခိုင်နှုန်းလောက် ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်စစ်တပ်ဟာ နိုင်ငံရဲ့ နောက်ဆုံးပေါ် ဟိုက်ပါဆောနစ် ဒုံးကျည်လက်နက် စနစ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော် ပြသခဲ့ပါတယ်။