Connect with us

Hi, what are you looking for?

ဗီဒီယို

Covishield အတုပြဿနာ အိန္ဒိယမှာ ပိုကြီးထွားလာ

ပြည်တွင်းမှာ ကာကွယ်ဆေးအပေါ် တောင်းဆိုမှုတွေ မြင့်တက်လာတဲ့ အခြေအနေကြောင့် အခုလိုမျိုး ဆေးအတု ပြဿနာတွေ ပိုမိုဆိုးရွားလာတာဖြစ်ကြောင်း အိန္ဒိယ အာဏာပိုင်တွေက ဝန်ခံထားပါတယ်။

Covishield ကာကွယ်ဆေး အတုတွေ အိန္ဒိယနဲ့ အာဖရိက ဒေသတွင်း နိုင်ငံတချို့မှာ ပျံ့နှံ့နေတဲ့ ပြဿနာက တဖြည်းဖြည်း ပိုမို ကြီးထွားလာနေပါတယ်။

Covishield ဟာ အောက်စ်ဖို့ဒ် တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီတို့ ပူးပေါင်း တီထွင်ထားတဲ့ Covid-19 ကာကွယ်ဆေးကို အိန္ဒိယမှာ လိုင်စင်ယူပြီး ထုတ်လုပ်ထားတဲ့ ဆေးဖြစ်ပါတယ်။ ဇူလိုင်နဲ့ ဩဂုတ်လတွေအတွင်း Covishield ဆေးဝါး အတုတွေ ဖမ်းဆီးရမိမှုက စိုးရိမ်ရတဲ့ ပမာဏထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကလည်း Covishield ဆေးအတု ပြဿနာကို အလေးအနက် ကိုင်တွယ်ဖို့လိုကြောင်း ပြီးခဲ့တဲ့လက သတိပေးထားခဲ့ပါတယ်။ Covishield ဆေးဝါးတွေ တာဝန်ယူ ထုတ်လုပ်နေတဲ့ အိန္ဒိယ ကုမ္ပဏီကြီး Serum Instituteကလည်း စျေးကွက်ထဲကို ဆေးအတုတွေ ရောက်နေကြောင်း အတည်ပြုခဲ့ပါတယ်။

အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနကလည်း အခုကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။ Serum Instituteဟာ အာရှ၊ အာဖရိကနဲ့ တောင်အမေရိက နိုင်ငံတွေကို ကာကွယ်ဆေး အလုံးရေ သန်းနဲ့ချီ ဖြန့်ဖြူးပေးထားပါတယ်။ ဆေးဝါး အတုတွေ ဖမ်းဆီးရမိတဲ့ ပြဿနာကတော့ အိန္ဒိယမှာ အကြီးဆုံး ဖြစ်နေတာ တွေ့ရပါတယ်။

ဆေးဝါးအတုတွေ စျေးကွက်ထဲ ပျံ့နှံ့နေတာဟာ အများပြည်သူ ကျန်းမာရေး ကဏ္ဍအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ WHO က သတိပေးထားပါတယ်။ Covishieldဟာ စျေးနှုန်းအရ သက်သာပြီး ထုတ်လုပ်နိုင်စွမ်း မြင့်မားတဲ့ ကာကွယ်ဆေး ဖြစ်တာကြောင့် ဆင်းရဲနွမ်းပါးတဲ့ ကမ္ဘာ့နိုင်ငံငယ်တွေအတွက် မျှော်လင့်ချက် ဖြစ်နေပါတယ်။ ပြီးတော့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ ကာကွယ်ဆေး သံခင်းတမန်ခင်း မူဝါဒအရ အိမ်နီးချင်း နိုင်ငံတချို့ကိုလည်း ဆေးတွေ တင်ပို့ထားပါတယ်။

အိန္ဒိယဟာ အရင်ကလည်း ဆေးဝါးအတုအပ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံပါ။ ကပ်ရောဂါ ကာလအတွင်း အိန္ဒိယမှာ ဆေးအတုတွေ မှားထိုးမိတဲ့သူ အမြောက်အမြား ရှိခဲ့ပါတယ်။ ကာကွယ်ဆေး အတု ပြဿနာကို ပြီးခဲ့တဲ့နှစ်၊ ဇွန်လတုန်းက မဟာရှက်ထရာ ပြည်နယ်မှာ ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ပြီး လူ ၂၀၀၀ နီးပါး ဆေးအတုတွေ ထိုးခံထားရကြောင်း ဖော်ထုတ် သိရှိလာရပါတယ်။

ပြည်တွင်းမှာ ကာကွယ်ဆေးအပေါ် တောင်းဆိုမှုတွေ မြင့်တက်လာတဲ့ အခြေအနေကြောင့် အခုလိုမျိုး ဆေးအတု ပြဿနာတွေ ပိုမိုဆိုးရွားလာတာဖြစ်ကြောင်း အိန္ဒိယ အာဏာပိုင်တွေက ဝန်ခံထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။