Connect with us

Hi, what are you looking for?

ဗီဒီယို

ဖာပွန်နားမှာ တိုက်ပွဲတွေပြင်းထန်နေပြီး မြို့ထဲကနေ ပစ်ခတ်သံတွေကြားနေရ

ဒီကနေ့ မနက် ၇ နာရီအချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီတပ်က ကားတန်းတွေဟာ ကေအဲန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲကို တပ်အင်အားထပ်မံပို့ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်တာကြောင့် နယ်မြေခံ တပ်မဟာ ၅ နဲ့ တိုက်ပွဲဖြစ်ပွားနေတာလို့ မြို့ခံတွေက ဆိုကြပါတယ်။

ဖာပွန်မြို့အနီးမှာ ဒီကနေ့လည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ တပ်အင်အား တိုးပို့နေတယ်လို့ သတင်းရရှိပါတယ်။

မနေ့ညကတည်းက ပစ်ခတ်သံတွေကြားနေရတဲ့ ဖာပွန်မြို့မှာ ဒီကနေ့မနက်ဘက်မှာ ပစ်ခတ်သံတွေ ဆက်လက်ကြားနေရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ဒီကနေ့ မနက် ၇ နာရီအချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီတပ်က ကားတန်းတွေဟာ ကေအဲန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲကို တပ်အင်အားထပ်မံပို့ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်တာကြောင့် နယ်မြေခံ တပ်မဟာ ၅ နဲ့ တိုက်ပွဲဖြစ်ပွားနေတာလို့ မြို့ခံတွေက ဆိုကြပါတယ်။

” ဒီနေ့ တိုက်ပွဲထပ်မံဖြစ်တယ်။ မနက်က စစ်ကားတန်းတွေတက်သွားတာလေ။ ကေအဲန်ယူနဲ့ တိုက်ပွဲဖြစ်တာ။ ဒီနေ့လည်း တိုက်ပွဲတော်တော်ပြင်းထန်တယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ညက ဖာပွန်မြို့ အနောက်ဘက်ကမ်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဖာပွန်ဆေးရုံနဲ့ လူနေအိမ်အချို့ကို ထိမှန်သွားခဲ့တာဖြစ်ပါတယ်။

ဖာပွန်ပြည်သူ့ဆေးရုံထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲထိမှန်လို့ ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ ကိုဗစ်လူနာတစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိသွားခဲ့တာလို့ မြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါသေးတယ်။

ဒါကြောင့် ဖာပွန်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ ကိုဗစ်လူနာ ၅၀ ထဲက အချို့ကို လုံခြုံရေးအခြေအနေကြောင့် ဖာပွန်မြို့ပေါ်မှာရှိတဲ့ အထက်တန်းကျောင်းကို ပြောင်းရွှေ့ပေးထားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ကိုယ်ခံအားကောင်းတဲ့လူနာပေါ့။ သိပ်ပြီးမစိုးရိမ်ရတဲ့ လူနာ ၁၀ ဦးကျော်ကို အထကကျောင်းဘက် ရွှေ့လိုက်တယ်။ အောက်စီဂျင်ပေးရတဲ့ လူနာတွေကိုတော့ ဆေးရုံထဲမှာပဲ ဆက်လက်ထားရှိတယ်။ လုံခြုံရေးအခြေအနေကြောင့် ရွှေ့ရတာဖြစ်မယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ကေအဲန်ယူ ဖာပွန်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေက စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာပြီး ဒေသခံပြည်သူလူထုနေထိုင်တဲ့ နေရာတွေထဲကို မကြာခဏဆိုသလို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လုပ်ဆောင်တာတွေလည်း ရှိနေတယ်လို့ မူတြော်သတင်းစဉ်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook