Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဖာပွန်နားမှာ တိုက်ပွဲတွေပြင်းထန်နေပြီး မြို့ထဲကနေ ပစ်ခတ်သံတွေကြားနေရ

ဒီကနေ့ မနက် ၇ နာရီအချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီတပ်က ကားတန်းတွေဟာ ကေအဲန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲကို တပ်အင်အားထပ်မံပို့ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်တာကြောင့် နယ်မြေခံ တပ်မဟာ ၅ နဲ့ တိုက်ပွဲဖြစ်ပွားနေတာလို့ မြို့ခံတွေက ဆိုကြပါတယ်။

ဖာပွန်မြို့အနီးမှာ ဒီကနေ့လည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ တပ်အင်အား တိုးပို့နေတယ်လို့ သတင်းရရှိပါတယ်။

မနေ့ညကတည်းက ပစ်ခတ်သံတွေကြားနေရတဲ့ ဖာပွန်မြို့မှာ ဒီကနေ့မနက်ဘက်မှာ ပစ်ခတ်သံတွေ ဆက်လက်ကြားနေရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ဒီကနေ့ မနက် ၇ နာရီအချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီတပ်က ကားတန်းတွေဟာ ကေအဲန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲကို တပ်အင်အားထပ်မံပို့ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်တာကြောင့် နယ်မြေခံ တပ်မဟာ ၅ နဲ့ တိုက်ပွဲဖြစ်ပွားနေတာလို့ မြို့ခံတွေက ဆိုကြပါတယ်။

” ဒီနေ့ တိုက်ပွဲထပ်မံဖြစ်တယ်။ မနက်က စစ်ကားတန်းတွေတက်သွားတာလေ။ ကေအဲန်ယူနဲ့ တိုက်ပွဲဖြစ်တာ။ ဒီနေ့လည်း တိုက်ပွဲတော်တော်ပြင်းထန်တယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ညက ဖာပွန်မြို့ အနောက်ဘက်ကမ်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဖာပွန်ဆေးရုံနဲ့ လူနေအိမ်အချို့ကို ထိမှန်သွားခဲ့တာဖြစ်ပါတယ်။

ဖာပွန်ပြည်သူ့ဆေးရုံထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲထိမှန်လို့ ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ ကိုဗစ်လူနာတစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိသွားခဲ့တာလို့ မြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါသေးတယ်။

ဒါကြောင့် ဖာပွန်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ ကိုဗစ်လူနာ ၅၀ ထဲက အချို့ကို လုံခြုံရေးအခြေအနေကြောင့် ဖာပွန်မြို့ပေါ်မှာရှိတဲ့ အထက်တန်းကျောင်းကို ပြောင်းရွှေ့ပေးထားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ကိုယ်ခံအားကောင်းတဲ့လူနာပေါ့။ သိပ်ပြီးမစိုးရိမ်ရတဲ့ လူနာ ၁၀ ဦးကျော်ကို အထကကျောင်းဘက် ရွှေ့လိုက်တယ်။ အောက်စီဂျင်ပေးရတဲ့ လူနာတွေကိုတော့ ဆေးရုံထဲမှာပဲ ဆက်လက်ထားရှိတယ်။ လုံခြုံရေးအခြေအနေကြောင့် ရွှေ့ရတာဖြစ်မယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ကေအဲန်ယူ ဖာပွန်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေက စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာပြီး ဒေသခံပြည်သူလူထုနေထိုင်တဲ့ နေရာတွေထဲကို မကြာခဏဆိုသလို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လုပ်ဆောင်တာတွေလည်း ရှိနေတယ်လို့ မူတြော်သတင်းစဉ်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။