Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်အုပ်စုညှင်းပန်းနှိပ်စက်ခံရပြီးနောက်ပြန်လွတ်လာသူ တစ်ပတ်အကြာတွင် သေဆုံး

ဖမ်းဆီးခံရသူများအနက် အသက်(၄၅)နှစ်အရွယ် ဦးသိန်းထွန်းဆိုသူသည် ဇန်နဝါရီ ၁၁ ရက်တွင် ကျေးရွာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ဒီပဲယင်းတွင် စစ်အုပ်စုညှင်းပန်းနှိပ်စက်ခံရပြီးနောက်ပြန်လွတ်လာသူ တစ်ပတ်အကြာတွင် သေဆုံး
ဒီပဲယင်းတွင် စစ်အုပ်စုညှင်းပန်းနှိပ်စက်ခံရပြီးနောက်ပြန်လွတ်လာသူ တစ်ပတ်အကြာတွင် သေဆုံး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း၏ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရပြီးနောက် ညှင်းပန်းနှိပ်စက်ခံခဲ့ရကာဒဏ်ရာများဖြင့် လွတ်မြောက်လာသည့် အမျိုးသားတစ်ဦး တစ်ပတ်အကြာတွင် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၉ ရက်က ချောင်းနားကျေးရွာကို ဝင်ရောက်ကာ နေအိမ်၁၄လုံးအား မီးရှို့ဖျက်ဆီးပြီး ပြည်သူအချို့အား ဖမ်းဆီးသွားခဲ့သည်။

ဖမ်းဆီးခံရသူများအနက် အသက်(၄၅)နှစ်အရွယ် ဦးသိန်းထွန်းဆိုသူသည် ဇန်နဝါရီ ၁၁ ရက်တွင် ကျေးရွာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

Public Service Announcement
Public Service Announcement

သို့သော် တစ်ပတ်အကြာ ယမန်နေ့(ဇန်နဝါရီ ၁၇ ရက်)တွင် ဦးသိန်းထွန်းသည် စစ်ကောင်စီတပ်၏ ညှင်းပန်းနှိက်စက် ရိုက်နှက်မှုများကြောင့် ရရှိခဲ့သည့် ဒဏ်ရာများဖြင့်ကွယ်လွန်သွားခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်က ခရီးသွားပြည်သူများကို ဖမ်းဆီးစစ်ဆေးခြိမ်းခြောက်ပြီး ငွေတောင်းခြင်း၊ လက်နောက်ပစ်ထိုင်ခိုင်းကာ နေလှန်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မီးရှို့ဖျက်ဆီးမှုအများဆုံး ခံထားရသည်။ အာဏာသိမ်းကာလတလျှောက် နေအိမ်ပေါင်း ၄,၈၁၉ ကျော်ခန့်၊ ဘုန်းကြီးကျောင်း ငါးကျောင်း၊ စျေးဆိုင်ခန်း၂၀ ကျော်၊ ဆန်စက်များ မီးရှို့ဖျက်ဆီးခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။