Connect with us

Hi, what are you looking for?

ဗီဒီယို

အမေရိကန် မိုးပျံပူဖောင်းတွေလည်း လေပိုင်နက် ကျူးကျော်ခဲ့တယ်လို့ တရုတ် စွပ်စွဲ

ဒီအတောအတွင်း အမေရိကန်ဟာ အတ္တလန္တိတ် သမုဒ္ဒရာထဲကနေ တရုတ် မိုးပျံပူဖောင်းရဲ့ အာရုံခံ အီလက်ထရောနစ် ကိရိယာတွေကို ဆယ်ယူ ရရှိထားပြီး သူလျှိုလုပ်ငန်းအတွက် အသုံးပြုတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်တော့မယ်လို့လည်း ကြေညာထားပါတယ်။

သူတို့ရဲ့ လေပိုင်နက်ထဲမှာ အမေရိကန်က မိုးပျံပူဖောင်းတွေ တရားမဝင် ဖြတ်ပြီး ပျံသန်းစေခဲ့တယ်လို့ တရုတ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

အမေရိကန် လေပိုင်နက်ကို ဖြတ်ပျံခဲ့တဲ့ တရုတ်ရဲ့ မိုးပျံပူဖောင်း တစ်လုံးကို သူလျှို ထောက်လှမ်းရေး ကိရိယာလို့ စွပ်စွဲပြီး လဆန်းပိုင်းမှာ အမေရိကန် လေတပ်က ပစ်ချခဲ့ပါတယ်။ တရုတ်ကတော့ အဲဒီပစ္စည်းဟာ မိုးလေဝသ လေ့လာရေး အရပ်ဖက်သုံး မိုးပျံပူဖောင်း တစ်လုံးသာဖြစ်တယ်လို့ အကြောင်းပြပြီး အင်အားသုံး ပစ်ချခဲ့တဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင် ကန့်ကွက်ခဲ့ပါတယ်။

အခုအခါမှာတော့ တရုတ်က အမေရိကန်ဟာလည်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကစလို့ တရုတ် လေပိုင်နက်ထဲကို အလားတူ အမြင့်ပျံသန်းတဲ့ မိုးပျံပူဖောင်း ၁၀ လုံးထက်မနည်း စေလွှတ်ခဲ့ကြောင်း စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ အခုစွပ်စွဲချက်နဲ့ ပတ်သက်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက တိကျ ခိုင်မာတဲ့ သက်သေ အထောက်အထားမျိုး တင်ပြတာတော့ မရှိပါဘူး။ ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဝမ်ဝန်ပင်က တကယ်တမ်းဆိုရင် တရုတ် လေပိုင်နက်ထဲ အမေရိကန် မိုးပျံပူဖောင်းတွေ တရားမဝင် ကျူးကျော် ပျံသန်းတာတွေက လုပ်ရိုးလုပ်စဉ် ကိစ္စမျိုးတောင် ဖြစ်နေပြီလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနှစ်က တစ်နှစ်တည်းမှာတင် သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ခွင့်ပြုချက် တောင်းခံတာမျိုး မဟုတ်ဘဲ အမေရိကန်ရဲ့ မိုးပျံပူဖောင်းတွေ တရုတ် လေပိုင်နက်ကို ဖြတ်ပျံတာ ၁၀ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဒီကိစ္စတွေကိုသာ သိထားခဲ့ရိုးမှန်ရင် တရုတ်က ဘာကြောင့် အရင်ကတည်းက မကြေညာခဲ့သလဲဆိုတဲ့ မေးခွန်းတွေတော့ ရှိနေဆဲပါ။ အမေရိကန် အစိုးရကတော့ တရုတ်ရဲ့ စွပ်စွဲချက်ကို ငြင်းပယ်ပြီး တရုတ်ဟာ ကိုယ့်အပြစ်ကိုယ် ဖုံးကွယ်ဖို့ ကြိုးစားနေတာသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဒီအတောအတွင်း အမေရိကန်ဟာ အတ္တလန္တိတ် သမုဒ္ဒရာထဲကနေ တရုတ် မိုးပျံပူဖောင်းရဲ့ အာရုံခံ အီလက်ထရောနစ် ကိရိယာတွေကို ဆယ်ယူ ရရှိထားပြီး သူလျှိုလုပ်ငန်းအတွက် အသုံးပြုတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်တော့မယ်လို့လည်း ကြေညာထားပါတယ်။

တရုတ် မိုးပျံပူဖောင်းကို ပစ်ချခဲ့တဲ့ ဖြစ်စဉ်အပြီး နောက်ထပ် အမျိုးအမည် အတည်မပြုသေးတဲ့ အရာ ၃ ခုကိုလည်း သီတင်းတစ်ပတ်တာ ကာလအတွင်း အမေရိကန်နဲ့ ကနေဒါ လေပိုင်နက်တွေထဲမှာ အမေရိကန် တိုက်လေယာဉ်တွေက ပစ်ချခဲ့ပါသေးတယ်။ အဲဒီ ပစ္စည်းတွေကရော တရုတ်နဲ့ ဆက်စပ်သလား ဆိုတာကို အမေရိကန်က အတိအကျ မဖြေသေးပေမယ့် ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူကတော့ တရုတ် မိုးပျံပူဖောင်းနဲ့ နောက်ဆက်တွဲ ပစ်ချမှု ၃ ခုဟာ အချိတ်အဆက် ရှိနိုင်တယ်လို့ ယူဆရကြောင်း အရိပ်အမြွက် ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook