Connect with us

Hi, what are you looking for?

သတင်း

မိုးညှင်းလွှတ်​တော်အမတ်​ဒေါ်သက်ထား​နှောင်း ​​ထောင်ဒဏ် ၁၁ နှစ်ချခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှလွှတ်တော်ကိုယ်စားလှယ်ဖြစ်သောဒေါ်သက်ထားနှောင်းကို မြစ်ကြီးနားအကျဉ်းထောင်တရားရုံးတွင်ပုဒ်မ ၅၀(ည)ဖြင့်ထောင် ၁၁နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

(၂၀၂၀ ​ရွေး​ကောက်ပွဲ အနိုင်ရ မိုးညှင်းပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်။ဓါတ်ပုံ-NLD)
(၂၀၂၀ ​ရွေး​ကောက်ပွဲ အနိုင်ရ မိုးညှင်းပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်။ဓါတ်ပုံ-NLD)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်သက်ထားနှောင်းအားစစ်ကောင်စီကယမန်နေ့ မတ်လ ၃၀ရက်တွင်ထောင်ဒဏ်၁၁နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှလွှတ်တော်ကိုယ်စားလှယ်ဖြစ်သောဒေါ်သက်ထားနှောင်းကို မြစ်ကြီးနားအကျဉ်းထောင်တရားရုံးတွင်ပုဒ်မ ၅၀(ည)ဖြင့်ထောင် ၁၁နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

“မတရားဖမ်းဆီးခဲ့ပြီးမတရားသဖြင့်ထောင်ဒဏ်ချမှတ်ခံရတယ်။ မတရားအမိန့်ချတဲ့တရားသူကြီးတွေလည်းဝဋ်လည်ပါစေ” ဟု မိုးညှင်းမြို့ခံတစ်ဦးကပြောသည်။

၂၀၂၀ ရွေး​ကောက်ပွဲအနိုင်ရလွတ်​တော်ကိုယ်စားလှယ်ဒေါ်သက်ထားနှောင်းသည် ၂၀၂၁ဩဂုတ်လ ၄ ရက်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ထို့နောက်စစ်ကောင်စီက ထောင်တွင်းတရားရုံးဖြင့်စစ်ဆေးပြီးယခု အမိန့်ချခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်မှ NLD ပါတီဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုသည် နိင်ငံတော်အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ မတ်လ ၂၉ရက်အထိ ပါတီဝင် ၁၂၃၅ ဦးဖမ်းဆီးခံခဲ့ရပြီး ပါတီဝင်၂၆ ဦးသည် စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ရသည်။အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီက၂၀၂၃ မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားပြီး ၄၇ ဦး၏ နေအိမ်များကိုလည်း ဝရမ်းကပ်ထားကြောင်း၊ ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးပေါင်း အကြိမ် ၁၂၀ ကျူးကျော်ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း NLDက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကြီးမြို့သို့ရောက်ရှိနေသည့် လားရှိုးမြို့မှစစ်ဘေးရှောင်တဦးအား ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးပြီး ထောင် ၇နှစ်ချလိုက်သည့်လုပ်ရပ်သည် လူထုကို ခြိမ်းခြောက်ခြင်းဟု တောင်ကြီးနှင့်လားရှိုးမြို့မှဒေသခံများကပြောသည်။

သတင်း

ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနအချို့တွင် ပစ်ခတ်မှုအတွင်း ကိုးဦးသေဆုံးပြီးနှစ်ဦးဒဏ်ရကြောင်း ဖော်ပြထားသည်။

သတင်း

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတကာ

ထောင်ကို ရောက်ပြီး ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အခါ အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ အသက်အရွယ်ကြောင့်ရော၊ အရင်က နာတာရှည် ဝေဒနာတွေကြောင့်ပါ ကျန်းမာရေး အခြေအနေ အကောင်းဆုံး မဟုတ်တဲ့အတွက် ထောင်ရဲ့ ကုသဆောင်ဆီ ပို့ဆောင်ထားခဲ့ပါတယ်။