Connect with us

Hi, what are you looking for?

သတင်း

ဘိုက​လေးမြို့နယ်ရဲစခန်းကို PDFများတိုက်ခိုက်

ဧရာဝတီတိုင်းတွင် မေလ ၅ရက်ညကလည်း ဟင်္သာတမြို့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်။

(ဘိုက​လေးမြို့မ ရဲစခန်း။ဓါတ်ပုံ-CJ)
(ဘိုက​လေးမြို့မ ရဲစခန်း။ဓါတ်ပုံ-CJ)

ဘိုကလေးမြို့နယ်ရဲစခန်းအား PDF များကပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း​ဒေသခံအချို့နှင့် တိုက်ခိုက်ခဲ့​​​သောPDFအဖွဲ့က​ပြောသည်။

“ဘိုကလေးမှာ ဒီတခါ ပစ်ခတ်တာ တော်တော်ကြမ်းတယ်။ ပစ်ခတ်သံတွေ ဆူညံနေတာ။ PDF တွေက ရဲစခန်းကို လာပစ်သွားတာ” ဟု ဘိုကလေး​ဒေသခံတစ်ဦးကပြောသည်။

ဧရာဝတီစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ ချိတ်ဆက်ဆောင်ရွှက်မှုဖြင့် ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်ဘိုကလေးမြို့နယ်မှရဲစခန်းကိုမေ ၆ ရက် ၊ ည ၇နာရီ ၃၀မိနစ်တွင်ဧရာဝတီလင်းပိုင်မော်ကျွန်း၊ဘိုကလေးလင်းပိုင် နှင့် မော်ကျွန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး 79 ဗုံးပစ်လောင်ချာ 40mm ဗုံးသီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်​ကြောင်း Bogalay Dolphin People’s Defence Force က သတင်းထုတ်ပြန်သည်။

သို့​သော်ပစ်ခတ်မှုကြောင့် ထိခိုက်မှု‌အခြေအနေကိုမူမသိရသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်တပ်လက်အောက်ခံဘိုကလေးမြို့နယ်စခန်းမှူးနှင့်နောက်လိုက်များသည် ပြည်သူလူထုကို နည်းမျိုးစုံဖိနှိပ်လျှက်ရှိပြီး တော်လှန်ရေးအင်အားစုများကိုဖမ်းဆီးခြင်း၊ပြည်သူများအား ဖမ်ဆီးနှိပ်စက်ပြီးငွေညှစ်ခြင်း ၊မတရားဖမ်းဆီးခံရသူ အကျဥ်းသားများကို လိင်အကြမ်းဖက်မှုများပါ ပြုလုပ်နေပြီး ဆိုးသွမ်းညစ်ပတ် ယုတ်မာနေခြင်းကြောင့်စစ်ဆင်ရေး ဆောင်ရွက်ခဲ့ခြင်းဟု ဘိုက​လေး လပိုင်PDF ကအသိ​ပေး သည်။

စခန်းမှူး ၏နောက်လိုက်များကိုလည်း ရပ်တန်းကရပ်ကြရန် သတိပေးလိုက်သည်ဟု အဖွဲ့ကဆိုသည်။

ဧရာဝတီတိုင်းတွင် မေလ ၅ရက်ညကလည်း ဟင်္သာတမြို့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။