Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားက ကိုယ့်ရဟတ်ယာဉ်ကိုယ် မှားပစ်ချခဲ့ဖွယ်ရှိ

ယူကရိန်းကလည်း နယ်စပ်နားက ကလင်ဆီမြို့မှာ ရုရှားရဲ့ Mi-8 ရဟတ်ယာဉ်ကို ပစ်ချခဲ့တယ်လို့ ထုတ်ပြန်တာမျိုး မရှိပါဘူး။ Mi-8တွေကို ရုရှားမှာ စစ်တပ်ရော၊ အရပ်ဖက်ပါ သယ်ယူပို့ဆောင်ရေးအတွက် အဓိက အသုံးပြုကြပါတယ်။

ရုရှားက ကိုယ့်ရဟတ်ယာဉ်ကိုယ် မှားပစ်ချခဲ့ဖွယ်ရှိ
ရုရှားက ကိုယ့်ရဟတ်ယာဉ်ကိုယ် မှားပစ်ချခဲ့ဖွယ်ရှိ

ရုရှားစစ်တပ်ဟာ ကိုယ့်ရဟတ်ယာဉ်ကိုယ် မှားယွင်း ပစ်ချမိခဲ့တယ်လို့ ယုံကြည်ရတဲ့ ဗီဒီယို မှတ်တမ်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

မေလ ၁၃ ရက်က ယူကရိန်းနဲ့ နယ်စပ်နားမှာရှိတဲ့ ကလင်ဆီမြို့မှာ ရုရှား ရဟတ်ယာဉ်တစ်စီး ပျက်ကျမှု ဖြစ်ပွားခဲ့ပါတယ်။ အစိုးရပိုင် Tass သတင်း အေဂျင်စီက အဲဒီ ရဟတ်ယာဉ်ဟာ အင်ဂျင် မီးလောင်မှုကြောင့် မတော်တဆ ပျက်ကျခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားရဲ့ စစ်ထောက်ခံရေး Telegram channel တစ်ခုမှာ တင်ထားတဲ့ ဗီဒီယိုမှာတော့ ရဟတ်ယာဉ်ဟာ အမြင့်မှာ ပျံသန်းနေချိန် တစ်ခုခု ထိမှန်လို့ ပေါက်ကွဲသွားပြီး မြေပြင်ပေါ် စိုက်ဆင်းသွားခဲ့တာ တွေ့ရပါတယ်။ ပြီးတော့ ပျက်ကျသွားတဲ့ အချိန်မှာ အပြင်းအထန် မီးလောင်ကျွမ်းခဲ့ပါတယ်။

အဲဒီ ရဟတ်ယာဉ်ဟာ Mi-8 အမျိုးအစားလို့ ယုံကြည်ရပြီး မျက်မြင်တွေကလည်း ပျက်မကျခင် ပေါက်ကွဲသံကြီး ကြားလိုက်ရတယ်လို့ ပြောပါတယ်။ ရုရှား လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့တွေက ကိုယ့်ရဟတ်ယာဉ်ကိုယ် မှားပစ်ချမိတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေပေမယ့် တိတိကျကျတော့ အတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

ယူကရိန်းကလည်း နယ်စပ်နားက ကလင်ဆီမြို့မှာ ရုရှားရဲ့ Mi-8 ရဟတ်ယာဉ်ကို ပစ်ချခဲ့တယ်လို့ ထုတ်ပြန်တာမျိုး မရှိပါဘူး။ Mi-8တွေကို ရုရှားမှာ စစ်တပ်ရော၊ အရပ်ဖက်ပါ သယ်ယူပို့ဆောင်ရေးအတွက် အဓိက အသုံးပြုကြပါတယ်။

ပြီးခဲ့တဲ့ လကလည်း ရုရှားစစ်တပ်ရဲ့ SU-34 အမျိုးအစား တိုက်လေယာဉ် တစ်စီးဟာ ရုရှားမြို့ တစ်ခုဖြစ်တဲ့ ဘယ်လ်ဂိုရတ်ဒ်မှာ မှားယွင်း ဗုံးကြဲမိတာကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရခဲ့သလို မြို့ထဲမှာလည်း ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။