Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်းမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်စီမံကိန်းအတွက်ချေးငွေကိုဂျပန်ပြန်လည်ရုတ်သိမ်း

စစ်ကောင်စီကို အကြောင်းကြားရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကြောင့် လုပ်ငန်းပြီးပြတ်ရန် အချိန်နှင့်ငွေအင်အားထပ်မံလိုအပ်ခြင်း၊ လုံခြုံရေးအခြေအနေစိုးရိမ်ရခြင်းနှင့် ဂျပန်ယန်းငွေတန်ဖိုးကျဆင်းနေခြင်းတို့ကြောင့်ဖြစ်သည်ဟုဂျပန်အစိုးရက အကြောင်းပြထားသည်ဟုအဆာဟိရှင်ဘွန်းက​ရေးသားထားသည်။

(အမေရိကန်ဒေါ်လာ တစ်ဘီလီယံနှင့်ညီမျှသည့် ဂျပန်ယမ်း ၁၄၂ ဘီလီယံ​ကျော် ထုတ်​ချေးမည့်အစီအစဥ်ကို ဂျပန်အစိုးရကရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ဓါတ်ပုံ-RailJournal)
(အမေရိကန်ဒေါ်လာ တစ်ဘီလီယံနှင့်ညီမျှသည့် ဂျပန်ယမ်း ၁၄၂ ဘီလီယံ​ကျော် ထုတ်​ချေးမည့်အစီအစဥ်ကို ဂျပန်အစိုးရကရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ဓါတ်ပုံ-RailJournal)

ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် ဖွံဖြိုးမှုချေးငွေ(ODA)များကို ဂျပန်နိုင်ငံက ပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်းက ရေးသားထားသည်။

ဂျပန်နိုင်ငံသည်လွန်ခဲ့သည့် ၁၀ နှစ်တာကာလအတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသင်္ကေတအဖြစ် ရပ်တည်ခဲ့သော မြန်မာနိုင်ငံရှိ အဓိကရထားလမ်းစီမံကိန်းကို စစ်တပ်ကအရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချပြီး ၂၀၂၁ခုနှစ်စစ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ရှုတ်ချသည့် အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဂျပန်ကဆိုသည်။

Public Service Announcement
Public Service Announcement

“ဒီစီမံကိန်းက အာဏာသိမ်းပြီးကတည်း လုပ်ငန်းမလည်ပတ်တော့ဘဲ ရပ်ထားတာကြာပါပြီလို့ကြားထားတာပါ။ ဂျပန်ဘက်ကမြို့ပတ်ရထားလမ်းစီမံကိန်းကို လက်စသတ်ပြီးဒီစီမံကိန်းကို ဆက်မလုပ်ဖို့ ဆုံးဖြတ်ထားတာပါ။ ဒီစီမံကိန်းရပ်ဆိုင်းခံရတာ မြန်မာနိုင်ငံအတွက် ထိခိုက်နစ်နာမှု အင်မတန်ကြီးမားပါတယ်”ဟု အဆိုပါစီမံကိန်းတွင်ပါဝင်ခဲ့သည် ကျွမ်းကျင်ပညာရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဂျပန်နိုင်ငံသည် ရထားလမ်းစီမံကိန်းအဆင့်မြှင့် ရန် ၂၀၁၃ ခုနှစ်ကတည်းက အကူအညီ​ပေး​နေခြင်းဖြစ်သည်။ ထိုစီမံကိန်း ဆက်လုပ်ရန်အတွက် မရှိမဖြစ်လိုအပ်သော ချေးငွေများကို ထပ်မံထုတ်ပေးမည်မဟုတ်ကြောင်း၂၀၂၂ ခုနှစ်နိုဝင်ဘာလတွင် စစ်ကောင်စီကို အသိပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီကို အကြောင်းကြားရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကြောင့် လုပ်ငန်းပြီးပြတ်ရန် အချိန်နှင့်ငွေအင်အားထပ်မံလိုအပ်ခြင်း၊ လုံခြုံရေးအခြေအနေစိုးရိမ်ရခြင်းနှင့် ဂျပန်ယန်းငွေတန်ဖိုးကျဆင်းနေခြင်းတို့ကြောင့်ဖြစ်သည်ဟုဂျပန်အစိုးရက အကြောင်းပြထားသည်ဟုအဆာဟိရှင်ဘွန်းက​ရေးသားထားသည်။

ဂျပန်၏ ရပ်တည်ချက်ကို နားလည်ကြောင်း အာဏာသိမ်းမြန်မာစစ်ဗိုလ်ချုပ်များက ဧပြီလတွင် အကြောင်းကြားခဲ့သည်ဟု ဂျပန်ကဆိုသည်။

ထိုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံနှင့်ညီမျှသည့် ဂျပန်ယမ်း ၁၄၂ ဒဿမ ၂ ဘီလီယံချေးငွေပေးရန် ၂၀၁၀တွင် နှစ်နိုင်ငံ သဘောတူခဲ့ခြင်းဖြစ်သည်။ ထိုစီမံကိန်းသည် ၂၀၁၃ခုနှစ်တွင်စီမံကိန်းဖြစ်နိုင်ချေကိုလေ့လာ

ခဲ့ပြီး ၂၀၁၈ခုနှစ်တွင် စီမံကိန်းစတင်ခဲ့သည်။ ၂၀၂၄ခုနှစ်တွင် စီမံကိန်းကိုပြီးစီးရန်မျှော်မှန်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။