Connect with us

Hi, what are you looking for?

ဗီဒီယို

ကရင်ပြည်နယ်တွင်း ခရီးသွားမြှင့်တင်ဖို့ပြင်​နေတဲ့ စစ်​ကောင်စီ

အာဏာသိမ်းစစ်ကောင်စီက ကရင်ပြည်နယ်အတွင်း နယ်မြေအခြေအနေ အေးချမ်းတာနဲ့ ပြည်သူလူထုတွေ အေးအေးချမ်းချမ်း သွားလာလှုပ်ရှားနေတဲ့ ပုံရိပ်တွေကို ပြသချင်တဲ့အနေနဲ့ အခုလို ခရီးသွားလုပ်ငန်းတွေကို ပြန်စတင်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက သုံးသပ်ပါတယ်။

ကရင်ပြည်နယ်အတွင်း ပြည်သူတွေကြပ်တည်း အခက်ကြုံနေရချိန်မှာ အာဏာသိမ်းစစ်ကောင်စီကတော့ ခရီးသွားလုပ်ငန်းတွေ ပြန်စဖို့ ဆောင်ရွက်နေပြီလို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က ကရင်ပြည်နယ် စစ်ကောင်စီဥက္ကဌ ဦးစောမြင့်ဦးက ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဦးမော့လာစေဖို့၊ ပြည်နယ်အတွင်း ခရီးစဉ်ဒေသတွေ ပိုမိုတိုးချဲ့အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ ပြေကြားခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ ပြန်ဆက်ဌာနရဲ့ ဖော်ပြချက်မှာ ပါရှိတာပါ။

အာဏာသိမ်းစစ်ကောင်စီက ကရင်ပြည်နယ်အတွင်း နယ်မြေအခြေအနေ အေးချမ်းတာနဲ့ ပြည်သူလူထုတွေ အေးအေးချမ်းချမ်း သွားလာလှုပ်ရှားနေတဲ့ ပုံရိပ်တွေကို ပြသချင်တဲ့အနေနဲ့ အခုလို ခရီးသွားလုပ်ငန်းတွေကို ပြန်စတင်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက သုံးသပ်ပါတယ်။

ဒါ့အပြင် လတ်တလောအခြေအနေအရ ကရင်ပြည်နယ်အတွင်းမှာ ကိုဗစ်ကပ်ရောဂါအပြင် ကုန်ဈေးနှုန်း စက်သုံးဆီဈေးနှုန်းတွေ ထိုးတက်နေတာကြောင့် ပြည်သူတွေဟာ ခရီးသွားလုပ်ငန်းလုပ်ကိုင်ဖို့နဲ့ ခရီးသွားလာဖို့ ကောင်းတဲ့အချိန်အခါ မဟုတ်ဘူးလို့လည်း ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက သုံးသပ်ပြောဆိုသွားပါသေးတယ်။

Public Service Announcement

Public Service Announcement

လတ်တလောမှာ ကရင်ပြည်နယ် စစ်ကောင်စီက ဘားအံမြို့ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ဖားမဲတောင်သဘာဝဥယျာဉ်ကို ဆောင်ရွက်နေပြီး အခြားနေရာဒေသမှာရှိတဲ့ ခရီးသွားလာလည်ပတ်လို့ရတဲ့ နေရာတွေကိုလည်း ပြုပြင်လုပ်ဆောင်နေသလို့ ဇွဲကပင်တောင်ခြေမှာရှိတဲ့ နာမည်ကြီးဟိုတယ်တွေလည်း ဖွင့်လှစ်နေပြီး ခရီးသွားတွေ လာရောက်နေကြပြီးလို့ ဘားအံမြို့ခံတစ်ဦးထံကနေ သိရပါတယ်။

ကရင်ပြည်နယ် စစ်ကောင်စီရဲ့ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်လုပ်ဆောင်မယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်နယ်အတွင်းက ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

ဆောင်းပါး

Daham ဟာ ဆီးရီးယားနိုင်ငံ Homs ပြည်နယ်ကရှေးဟောင်းမြို့ Palmyra အနီးမှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။သူ့မိသားစုဟာလည်းစစ်မဖြစ်ခင်ကခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်ခဲ့ကြပြီး Daham ကိုယ်တိုင် ခရီးသွားဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။၂၀၁၁ ခုနှစ်နောက်ပိုင်းဆီးရီးယားအရေးအခင်းကစစ်ပွဲအဖြစ်ပြောင်းလဲသွားချိန်မှာသူလည်းနိုင်ငံကနေထွက်ပြေးခဲ့ရပါတယ်။

Facebook