Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရဟတ်ယာဉ် ပျက်ကျပြီး အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းက ဆန်ဒီယေဂို မြို့နားမှာရှိတဲ့ လူသူ အရောက်အပေါက် နည်းပါးရာ နေရာတစ်ခုကို CH-53E Super Stallion ရဟတ်ယာဉ် ပျက်ကျပြီး လိုက်ပါသွားသူ မရိန်းတပ်ဖွဲ့ဝင်အားလုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရဟတ်ယာဉ် ပျက်ကျပြီး အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး
ရဟတ်ယာဉ် ပျက်ကျပြီး အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

အမေရိကန်မှာ ရဟတ်ယာဉ် ပျက်ကျရာက မရိန်းတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းက ဆန်ဒီယေဂို မြို့နားမှာရှိတဲ့ လူသူ အရောက်အပေါက် နည်းပါးရာ နေရာတစ်ခုကို CH-53E Super Stallion ရဟတ်ယာဉ် ပျက်ကျပြီး လိုက်ပါသွားသူ မရိန်းတပ်ဖွဲ့ဝင်အားလုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရဟတ်ယာဉ်ဟာ လေ့ကျင့် ပျံသန်းမှု အစီအစဉ် တစ်ခုအတွင်း ပြင်းထန်တဲ့ နှင်းမုန်တိုင်းနဲ့ တိုးပြီး ပိုင်းဗယ်လီ မြို့နားမှာ ပျက်ကျခဲ့တာလို့ ဆိုပါတယ်။ ရဟတ်ယာဉ် ပျက်ကျတဲ့ အကြောင်းရင်းဟာ ရာသီဥတုကြောင့်လား ဆိုတာကိုတော့ တိတိကျကျ အတည်မပြုနိုင်သေးပါဘူး။

မရိန်းတပ်ဖွဲ့နဲ့ ဒေသခံတွေ ပူးပေါင်းပြီး ဖြန့်ကျက် ရှာဖွေခဲ့တဲ့နောက် ပျောက်ဆုံးနေသူ ၅ ဦးစလုံးကို ရုပ်အလောင်းတွေ အနေနဲ့သာ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ဆန်ဒီယေဂို အခြေစိုက် မရိန်းတပ်ဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်ချုပ် မိုက်ကယ် ဘော့ဂ်ရှူတေးက မရိန်းစစ်သည်တွေရဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ အသက် ၅ ချောင်း ဆုံးရှုံးခဲ့မှုအတွက် ပြောမပြတတ်လောက်အောင် ကြေကွဲမိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အခုသတင်းအတွက် ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ကြေညာပါတယ်။

ရဟတ်ယာဉ်ဟာ နီဗားဒါးမှာရှိတဲ့ ခရိချ် လေတပ်စခန်းကနေ ပျံတက်လာပြီး အနောက်ဖက်ကို ဦးတည် ပျံသန်းရင်း ရေဒါကနေ ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။

ရဟတ်ယာဉ် ပျက်ကျမှုရဲ့ အကြောင်းရင်းကိုတော့ ဆက်လက် စုံစမ်းနေဆဲလို့ မရိန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။