Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရဟတ်ယာဉ် ပျက်ကျပြီး အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းက ဆန်ဒီယေဂို မြို့နားမှာရှိတဲ့ လူသူ အရောက်အပေါက် နည်းပါးရာ နေရာတစ်ခုကို CH-53E Super Stallion ရဟတ်ယာဉ် ပျက်ကျပြီး လိုက်ပါသွားသူ မရိန်းတပ်ဖွဲ့ဝင်အားလုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရဟတ်ယာဉ် ပျက်ကျပြီး အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး
ရဟတ်ယာဉ် ပျက်ကျပြီး အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

အမေရိကန်မှာ ရဟတ်ယာဉ် ပျက်ကျရာက မရိန်းတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းက ဆန်ဒီယေဂို မြို့နားမှာရှိတဲ့ လူသူ အရောက်အပေါက် နည်းပါးရာ နေရာတစ်ခုကို CH-53E Super Stallion ရဟတ်ယာဉ် ပျက်ကျပြီး လိုက်ပါသွားသူ မရိန်းတပ်ဖွဲ့ဝင်အားလုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရဟတ်ယာဉ်ဟာ လေ့ကျင့် ပျံသန်းမှု အစီအစဉ် တစ်ခုအတွင်း ပြင်းထန်တဲ့ နှင်းမုန်တိုင်းနဲ့ တိုးပြီး ပိုင်းဗယ်လီ မြို့နားမှာ ပျက်ကျခဲ့တာလို့ ဆိုပါတယ်။ ရဟတ်ယာဉ် ပျက်ကျတဲ့ အကြောင်းရင်းဟာ ရာသီဥတုကြောင့်လား ဆိုတာကိုတော့ တိတိကျကျ အတည်မပြုနိုင်သေးပါဘူး။

မရိန်းတပ်ဖွဲ့နဲ့ ဒေသခံတွေ ပူးပေါင်းပြီး ဖြန့်ကျက် ရှာဖွေခဲ့တဲ့နောက် ပျောက်ဆုံးနေသူ ၅ ဦးစလုံးကို ရုပ်အလောင်းတွေ အနေနဲ့သာ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ဆန်ဒီယေဂို အခြေစိုက် မရိန်းတပ်ဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်ချုပ် မိုက်ကယ် ဘော့ဂ်ရှူတေးက မရိန်းစစ်သည်တွေရဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ အသက် ၅ ချောင်း ဆုံးရှုံးခဲ့မှုအတွက် ပြောမပြတတ်လောက်အောင် ကြေကွဲမိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အခုသတင်းအတွက် ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ကြေညာပါတယ်။

ရဟတ်ယာဉ်ဟာ နီဗားဒါးမှာရှိတဲ့ ခရိချ် လေတပ်စခန်းကနေ ပျံတက်လာပြီး အနောက်ဖက်ကို ဦးတည် ပျံသန်းရင်း ရေဒါကနေ ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။

ရဟတ်ယာဉ် ပျက်ကျမှုရဲ့ အကြောင်းရင်းကိုတော့ ဆက်လက် စုံစမ်းနေဆဲလို့ မရိန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။