Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝေဟင်ပိုင်နက်ထဲ ရောက်လာတဲ့ ဓာတ်ငွေ့ ဘောလုံးတစ်ခုကို အမေရိကန် တိုက်လေယာဉ်တွေ စောင့်ကြည့်ခဲ့

ဓာတ်ငွေ့ဘောလုံးရဲ့ ပျံသန်းမှု လမ်းကြောင်းဟာ တသမတ်တည်း ရှိနေခဲ့ပြီး အရပ်ဖက် လေကြောင်း သွားလာမှုတွေကိုလည်း အဟန့်အတား ကြုံစေတာမျိုး မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဝေဟင်ပိုင်နက်ထဲ ရောက်လာတဲ့ ဓာတ်ငွေ့ ဘောလုံးတစ်ခုကို အမေရိကန် တိုက်လေယာဉ်တွေ စောင့်ကြည့်ခဲ့
ဝေဟင်ပိုင်နက်ထဲ ရောက်လာတဲ့ ဓာတ်ငွေ့ ဘောလုံးတစ်ခုကို အမေရိကန် တိုက်လေယာဉ်တွေ စောင့်ကြည့်ခဲ့

နိုင်ငံရဲ့ ဝေဟင်ပိုင်နက်ထဲ ရောက်ရှိပြီး မြင့်မားတဲ့ နေရာမှာ ပျံသန်းနေတဲ့ ဓာတ်ငွေ့ဘောလုံး တလုံးကို အမေရိကန် တိုက်လေယာဉ်တွေက ကြားဖြတ် စောင့်ကြည့်ခဲ့ရပါတယ်။

နိုင်ငံ အနောက်ပိုင်း၊ ယူတားနိုင်ငံရဲ့ ကောင်းကင်ယံမှာ အမြင့်ပေ ၄၄၀၀၀ လောက်ကနေ ပျံသန်းနေတဲ့ ဓာတ်ငွေ့ ဘောလုံးဟာ လုံခြုံရေးအရ ထိပါးနိုင်တဲ့ ခြိမ်းခြောက်မှုမျိုး မတွေ့ရပေမယ့်လည်း ဘယ်သူက လွှတ်တင်တယ်၊ ဘာရည်ရွယ်ချက်နဲ့ လွှတ်တင်တယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ အမေရိကန် စစ်ဘက်က ပြောပါတယ်။

ဓာတ်ငွေ့ဘောလုံးရဲ့ ပျံသန်းမှု လမ်းကြောင်းဟာ တသမတ်တည်း ရှိနေခဲ့ပြီး အရပ်ဖက် လေကြောင်း သွားလာမှုတွေကိုလည်း အဟန့်အတား ကြုံစေတာမျိုး မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

ကော်လိုရာဒိုနဲ့ ယူတား နယ်စပ်နားမှာ အဲဒီ သေးငယ်တဲ့ ပစ္စည်းကို စတင် တွေ့ရှိခဲ့ပြီး အလာစကာကို ဖြတ်သန်းရင်း အရှေ့ဖက် ကမ်းခြေဆီ ဦးတည် ရွေ့လျားနေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

နောက်တော့ အမေရိကန်နဲ့ ကနေဒါရဲ့ လေကြောင်း ကာကွယ်ရေး ကဏ္ဍကို တာဝန်ယူထားတဲ့ Noradက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ဓာတ်ငွေ့ ဘောလုံးကို ကြားဖြတ်စောင့်ကြည့်ခဲ့ပါတယ်။ ဘောလုံးရဲ့ အောက်မှာ သေးငယ်တဲ့ ကုဗတုံးပုံ အရာတစ်ခု ချိတ်ဆွဲထားတာကိုလည်း တွေ့ရှိရပါတယ်။ လောလောဆယ်တော့ Noradဟာ ဘောလုံးရဲ့ လှုပ်ရှားမှုကို တောက်လျှောက် စောင့်ကြည့်နေပြီး နောက်ဆက်တွဲ ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကို အတိအကျ မထုတ်ပြန်သေးပါဘူး။

မနှစ်က ဖေဖော်ဝါရီလတုန်းကတော့ တရုတ်က လွှတ်တင်တဲ့ မိုးပျံပူဖောင်း တစ်လုံးကို သူလျှို ကိရိယာလို့ စွပ်စွဲပြီး အမေရိကန် လေတပ်က ပစ်ချခဲ့တာကြောင့် စူပါပါဝါ နှစ်နိုင်ငံကြား သံတမန်ရေးရာ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ တရုတ်ကတော့ အဲဒီ မိုးပျံပူဖောင်းဟာ အရပ်ဖက် မိုးလေဝသဆိုင်ရာ သုတေသန ကိရိယာတွေကို တင်ဆောင်သွားတာသာ ဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။

အဲဒီတုန်းကတော့ မိုးပျံပူဖောင်းဟာ တောင်ပိုင်း ကာရိုလိုင်းနား ကမ်းရိုးတန်းကို ကျော်လွန် ရောက်ရှိသွားတဲ့အချိန် အမေရိကန် လေတပ်ရဲ့ အဆင့်အမြင့်ဆုံး လေကြောင်းစိုးမိုးရေး တိုက်လေယာဉ်ဖြစ်တဲ့ F-22 တစ်စီးက ဒုံးကျည်နဲ့ ပစ်ချပြီး ဖျက်ဆီးပစ်ခဲ့ပါတယ်။

ကိုးကား: Fox

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။