Connect with us

Hi, what are you looking for?

News

ကနီမြို့နယ်တွင် ခြောက်လအတွင်း အာဏာသိမ်းစစ်ကောင်စီကိုခုခံတော်လှန်ရင်း ပြည်သူ့ရဲဘော် ၃၆ ဦးကျဆုံးကြောင်းကနီ PDF ထုတ်ပြန်

၂၀၂၁ ခုနှစ်၊ ဧပြီလ မှ ယနေ့အထိ ကနီမြို့နယ်အတွင်းနှင့်ကနီမြို့နယ်စပ်ဒေသများ၌ အကြမ်းဖက်စစ်ကောင်စီ၏ တပ်များနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ပြည်သူ့တော်လှန်ရေးရဲဘော် (၃၆) ဦး ကျဆုံးခဲ့ရကြောင်း ကနီ PDF ကအသိပေးသည်။

ကနီမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်အား ဒေသခံပြည်သူ့တော်လှန်ရေးတပ်များက ခုခံတော်လှန်ခဲ့ရာ ခြောက်လတာကာလအတွင်း ပြည်သူ့ရဲဘော် ၃၆ ဦး ကျဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကနီမြို့နယ်) People’s Defense Force (Kani)
သတင်းထုတ်ပြန်သည်။

ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ကနီမြို့နယ်နှင့် ကနီမြို့နယ်စပ်ဒေသများတွင် အကြမ်း ဖက်စစ်ကောင်စီကို ၂၀၂၁ ခုနှစ် ဧပြီလမှ ဇူလိုင်လ အထိတိုက်ပွဲပေါင်း(၃၅) ကြိမ်တိုင် ခုခံတော်လှန်စစ်ဆင်နွှဲခဲ့ရင်း ပြည်သူ့ရဲဘော် (၃၅) ဦးမှာ တိုင်းပြည်အတွက် အသက်စွန့် ပေးလှူခဲ့ရကြောင်း၊ ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း ချင်းတွင်းမြစ်ကြောင်းအတွင်း ဆန်တတ်လာခဲ့သော အကြမ်းဖက် စစ်ရေယာဉ်အုပ်စုကို ခုခံတော်လှန်စစ် (၄) ကြိမ်ဆင်နွှဲခဲ့ရာ ပြည်သူ့ရဲဘော်(၁)ဦးကျဆုံးခဲ့ပြီး (၁)ဦး ပြင်းထန်ဒဏ်ရာရရှိကာ (၅)ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း ကနီ PDF ကထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်၊ ဧပြီလ မှ ယနေ့အထိ ကနီမြို့နယ်အတွင်းနှင့်ကနီမြို့နယ်စပ်ဒေသများ၌ အကြမ်းဖက်စစ်ကောင်စီ၏ တပ်များနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ပြည်သူ့တော်လှန်ရေးရဲဘော် (၃၆) ဦး ကျဆုံးခဲ့ရကြောင်း ကနီ PDF ကအသိပေးသည်။

ယမန်နေ့ စက်တင်ဘာလ( ၂၉)ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ကနီမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်းအတွင်းတွင် လက်နက်ခဲယမ်းပစ္စည်းများ ၊ စားနပ်ရိက္ခာပစ္စည်းများ နှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ တင်ဆောင်ကာ မြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက် စစ်ရေယာဥ်အုပ်စုကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခက်တိုက်ခိုက်မှု့(၃)ကြိမ် ပြုလုပ်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများ သေဆုံး ဒဏ်ရာရရှိမှု့ စာရင်းကို အတိအကျမသိရသေးသော်လည်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ချင်းတွင်းမြစ်ကြောင်းအတွင်း တိုက်ပွဲများတွင်ထိုတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ဆုံးရှုံးမှု့ အများဆုံးတိုက်ပွဲဖြစ်ကြောင်းလည်း ကနီ PDF က အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်စနစ် အပြီးတိုင် ကျဆုံးရေးအတွက် ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ်ချက်ဟု ခေါင်းစဉ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပါအဝင် လက်နက်ကိုင်အဖွဲ့များ ရွေးကောက်ပွဲလမ်းကြောင်းကို ပူးပေါင်းရန် ဖိတ်ခေါ်ချက် ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ လုပ်ရပ်သည် တော်လှန်ရေးအင်အားစုများအား သွေးခွဲရေးဗျူဟာဖြစ်ကြောင်း PDF၊ ဒေသကာကွယ်ရေးတပ်နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။

သတင်း

စစ်ကိုင်းမှာ စစ်ကောင်စီတ​ပ်သားနှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်လို့ တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကို PDF က သိမ်းနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံခရိုင်ထဲကရွာ‌​တွေက စစ်တပ်ဆီကိုလက်နက်နဲ့ရိက္ခာပို့လာတဲ့စစ်တပ်ယာဉ်တန်းနဲ့ လုံခြုံရေးယူလာတဲ့ စစ်သား​တွေကို PDF ​တွေကတိုက်ခိုက်တာမှာစစ်သား၃၀ကျော်သေဆုံးပြီး ရိက္ခာပို့ယာဉ်နှစ်စီးကို နဲ့သုံ့ပန်း၃ဦးကိ ဖမ်း‌ဆီးရရှိမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇ (Zero ပျောက်ကြားတပ်ဖွဲ့) ကတာဝန်ရှိသူက​ပြောပါတယ်။

သတင်း

စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၇)ဦးထက်မနည်းသေဆုံး၊ စစ်သုံ့ပန်း(၂၂)ဦးနှင့် လက်နက်အများအပြားသိမ်းဆည်းရရှိ