Connect with us

Hi, what are you looking for?

News

ကနီမြို့နယ်တွင် ခြောက်လအတွင်း အာဏာသိမ်းစစ်ကောင်စီကိုခုခံတော်လှန်ရင်း ပြည်သူ့ရဲဘော် ၃၆ ဦးကျဆုံးကြောင်းကနီ PDF ထုတ်ပြန်

၂၀၂၁ ခုနှစ်၊ ဧပြီလ မှ ယနေ့အထိ ကနီမြို့နယ်အတွင်းနှင့်ကနီမြို့နယ်စပ်ဒေသများ၌ အကြမ်းဖက်စစ်ကောင်စီ၏ တပ်များနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ပြည်သူ့တော်လှန်ရေးရဲဘော် (၃၆) ဦး ကျဆုံးခဲ့ရကြောင်း ကနီ PDF ကအသိပေးသည်။

ကနီမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်အား ဒေသခံပြည်သူ့တော်လှန်ရေးတပ်များက ခုခံတော်လှန်ခဲ့ရာ ခြောက်လတာကာလအတွင်း ပြည်သူ့ရဲဘော် ၃၆ ဦး ကျဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကနီမြို့နယ်) People’s Defense Force (Kani)
သတင်းထုတ်ပြန်သည်။

ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ကနီမြို့နယ်နှင့် ကနီမြို့နယ်စပ်ဒေသများတွင် အကြမ်း ဖက်စစ်ကောင်စီကို ၂၀၂၁ ခုနှစ် ဧပြီလမှ ဇူလိုင်လ အထိတိုက်ပွဲပေါင်း(၃၅) ကြိမ်တိုင် ခုခံတော်လှန်စစ်ဆင်နွှဲခဲ့ရင်း ပြည်သူ့ရဲဘော် (၃၅) ဦးမှာ တိုင်းပြည်အတွက် အသက်စွန့် ပေးလှူခဲ့ရကြောင်း၊ ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း ချင်းတွင်းမြစ်ကြောင်းအတွင်း ဆန်တတ်လာခဲ့သော အကြမ်းဖက် စစ်ရေယာဉ်အုပ်စုကို ခုခံတော်လှန်စစ် (၄) ကြိမ်ဆင်နွှဲခဲ့ရာ ပြည်သူ့ရဲဘော်(၁)ဦးကျဆုံးခဲ့ပြီး (၁)ဦး ပြင်းထန်ဒဏ်ရာရရှိကာ (၅)ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း ကနီ PDF ကထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်၊ ဧပြီလ မှ ယနေ့အထိ ကနီမြို့နယ်အတွင်းနှင့်ကနီမြို့နယ်စပ်ဒေသများ၌ အကြမ်းဖက်စစ်ကောင်စီ၏ တပ်များနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ပြည်သူ့တော်လှန်ရေးရဲဘော် (၃၆) ဦး ကျဆုံးခဲ့ရကြောင်း ကနီ PDF ကအသိပေးသည်။

ယမန်နေ့ စက်တင်ဘာလ( ၂၉)ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ကနီမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်းအတွင်းတွင် လက်နက်ခဲယမ်းပစ္စည်းများ ၊ စားနပ်ရိက္ခာပစ္စည်းများ နှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ တင်ဆောင်ကာ မြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက် စစ်ရေယာဥ်အုပ်စုကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခက်တိုက်ခိုက်မှု့(၃)ကြိမ် ပြုလုပ်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများ သေဆုံး ဒဏ်ရာရရှိမှု့ စာရင်းကို အတိအကျမသိရသေးသော်လည်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ချင်းတွင်းမြစ်ကြောင်းအတွင်း တိုက်ပွဲများတွင်ထိုတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ဆုံးရှုံးမှု့ အများဆုံးတိုက်ပွဲဖြစ်ကြောင်းလည်း ကနီ PDF က အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်စနစ် အပြီးတိုင် ကျဆုံးရေးအတွက် ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။