Connect with us

Hi, what are you looking for?

News

အာဆီယံကနေ စစ်အုပ်စုနုတ်ထွက်မလား

အာဆီယံဘက်ကအမြင်မှာဆိုရင်လည်း အမေရိကန် နဲ့ ဥရောပ နိုင်ငံတွေရဲ့ဖိအားတွေရှိနေပေမယ့် မြန်မာကို အဖွဲ့ဝင်အဖြစ် လက်ခံလိုက်တာဟာ အဖွဲ့ကြီးရဲ့ သြဇာကိုဖြန့်ကျက်ရာရောက်စေတယ်လို့ မြင်ခဲ့ပါတယ်။

မြန်မာစစ်ကောင်စီခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်မပြုဖို့ အာဆီယံကဆုံးဖြတ်လိုက်တာအပြင် ဖိအားတွေ ထပ်ပေးလာရင် အာဆီယံကနေ စစ်ကောင်စီ နုတ်ထွက်လေမလားဆိုတဲ့ မေးခွန်းတွေ ထွက်လာနေပါတယ်။

စစ်အုပ်စုခေါင်းဆောင်တွေဟာ ၁၉၉၇ ခုနှစ် အာဆီယံကိုမဝင်မီကတည်းက အတော်လေး စဉ်းစားခဲ့တာရှိပါတယ်။

အဲဒီအချိန်တုန်းက ရှေးရိုစွဲ စစ်ခေါင်းဆောင်တွေဖက်က အာဆီယံထဲဝင်တာဟာ ဘာရလဒ်မှ မရှိဘဲ ပြည်ပ ဖိအားသာ ရလာလိမ့်မယ်လို့စဉ်းစားခဲ့သလို တိုးတက်တဲ့အမြင်ရှိတဲ့ဖက်ကလည်း အာဆီယံဟာ သူတို့အစိုးရပေါ်ပြည်ပက ဝေဖန်နေတာတွေကို ကြားခံပေးနိုင်လိမ့်မယ်လို့မြင်ခဲ့ကြတာလည်းရှိပါတယ်။

ဒါ့အပြင်တရုတ်နဲ့ဆက်ဆံရေးမှာ အာဆီယံက ထိန်းညှိပေးနိုင်မယ်လို့ ယူဆခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံဘက်ကအမြင်မှာဆိုရင်လည်း အမေရိကန် နဲ့ ဥရောပ နိုင်ငံတွေရဲ့ဖိအားတွေရှိနေပေမယ့် မြန်မာကို အဖွဲ့ဝင်အဖြစ် လက်ခံလိုက်တာဟာ အဖွဲ့ကြီးရဲ့ သြဇာကိုဖြန့်ကျက်ရာရောက်စေတယ်လို့ မြင်ခဲ့ပါတယ်။

မြန်မာကို အဖွဲ့ဝင်အဖြစ် လက်ခံလိုက်တာဟာ တရုတ်ရင်ခွင်ကနေ ဆွဲထုတ်ဖို့ ဆွဲဆောင်ရာရောက်တယ်လို့ အာဆီယံ က မြင်ပါသေးတယ်။

ဒါ့အပြင် မြန်မာဟာ မဖွံ့ဖြိုးပေမယ့် သဘာဝအရင်းအမြစ်ကြွယ်ဝတာ၊ နည်းပညာနဲ့စားသုံးကုန်ဈေးကွက် အလားအလာကောင်းတွေရှိနေတာဟာလည်း အာဆီယံအဖွဲ့ဝင်ဖြစ်လာစေဖို့အထောက်အပံ့ဖြစ်စေပါတယ်။

အာဆီယံကို ဝင်ဖို့ဆုံးဖြတ်ချက်ဟာ အခုအချိန်အထိကို မှန်ကန်အကျိုးရှိနေပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ကူညီမှုနဲ့ မြန်မာဟာ တရုတ်ရဲ့လွှမ်းမိုးမှုကိုလျော့ချဖို့နဲ့ ပြည်ပဖိအားတွေကို ခုခံရာမှာ အကျိုးရှိခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်ဖြစ်လာတာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်သလို အမေရိကန်သမ္မတ အိုဘားမားရဲ့ လက်တွေ့ကျတဲ့စေ့စပ်ရေး မူဝါဒကို အားပေးရာမှာရောက်ခဲ့ပါတယ်။

အာဆီယံဟာ ဖေဖော်ဝါရီလ ၁ ရက် မြန်မာစစ်အုပ်စုရဲ့အာဏာသိမ်းမှုကြောင့် ထိတ်လန့်ခဲ့ရပေမယ့် ပုံမှန်အတိုင်းဖြေရှင်းနည်းကိုသုံးပါတယ်။

အဲဒါကတော့ စစ်ကောင်စီခေါင်းဆောင်နဲ့ဖိတ်ကြားတွေ့ဆုံပြီး ထိရောက်မှုမရှိတဲ့ ဘုံသဘောတူညီချက် ၅ ချက် ကို ချမှတ်လိုက်တာပါပဲ။

အဲဒီနောက် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံခွင့်ကို စစ်ကောင်စီက ငြင်းဆန်လိုက်တဲ့အခါမှာ ဒီလကုန်ပိုင်းကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို မဖိတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ရပါတယ်။

အာဆီယံဥက္ကဋ္ဌ ရဲ့ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဒေသတွင်း လုံခြုံရေး၊ စည်းလုံးရေးအပြင် အဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာအပေါ် သက်ရောက်မှုရှိတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီဘက်ကတော့ အာဆီယံရဲ့ဆုံးဖြတ်ချက်ဟာ အဖွဲ့ကြီးရဲ့ အခြေခံ ပဋိဉာဉ်ကိုပစ်ပယ်ပြီး ပြည်တွင်းရေးဝင်စွတ်ဖက်ရာရောက်တယ်လို့ တန်ပြန် စွပ်စွဲပါတယ်။

ဒါ့အပြင် အချို့ စစ်ဗိုလ်ချုပ်ကြီးတွေက သူတိုရဲ့ ပြည်တွင်း၊ ပြည်ပ ရန်သူတော်တွေနဲ့ အာဆီယံဟာ လက်တွဲနေပြီလို့ ယုံကြည်နေကြပါပြီ။

ဒါကြောင့် အာဆီယံ ကနေ မြန်မာနုတ်ထွက်ရင် အံသြသင့်စရာမရှိပါဘူး။

မြန်မာနိုင်ငံဟာ တစ်ကိုယ်တည်းအထီးကျန်နေခဲ့တဲ့ သမိုင်းကြောင်းရှိခဲ့ပါတယ်။ ဘက်မလိုက်လှုပ်ရှားမှုကို ၁၉၆၁ ခုနှစ်မှာ ဦးဆောင်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်နေပါတယ်။ ဒီစိတ်ဓာတ်ဟာ ဆက်လက်ရှင်သန်နေတုန်းပါပဲ။

စစ်အုပ်စုရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေထဲမှာလည်း နိုင်ငံခြားရေးမူဝါဒကို လွတ်လပ် တက်ကြွပြီး ဘက်မလိုက်တဲ့ မူဝါဒကျင့်သုံးမယ်လို့ထည့်သွင်းရေးဆွဲထားတာရှိပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ စိတ်ကမှန်းရခက်တယ်ဆိုပေမယ့် နိုင်ငံဟာအမှီအခိုကင်းကင်းနဲ့ ဆက်ရှိနေရမယ်ဆိုတဲ့ အချက်ကိုစစ်ဗိုလ်ချုပ်တွေဟာ အမြဲတမ်း ကိုင်ဆွဲထားပုံပါပဲ။

နိုင်ငံစည်းလုံးပြီး အချုပ်အခြာအာဏာတည်မြဲဖို့ ဆိုတာကို သူတို့သာအသိဆုံးလို့ စစ်ဗိုလ်ချုပ်ကြီးတွေက ယူဆထားပါတယ်။

ခိုင်မာတောင့်တင်းတဲ့ စစ်တပ်ကသာ ပြည်ပ ဖိအားတွေကို ရင်ဆိုင်နိုင်မှာဖြစ်ပြီး အဲဒီအတွက် တခြားဘယ်အရာကိုမှ ငဲ့ကွက်တာမရှိပါဘူး။

အာဆီယံအဖွဲ့ဝင်နိုင်ငံအနေနဲ့ အရင်အစိုးရတွေတုန်းက နိုင်ငံတကာရေးရာနဲ့ကူးသန်းရောင်းဝယ်ရေးတွေမှာ အကျိုးကျေးဇူးတွေရခဲ့ပေမယ့် အာဆီယံသာ သူတို့နဲ့ဆန့်ကျင်ဘက်ဖြစ်လာရင် အာဆီယံ မရှိလည်း နေနိုင်တယ်လို့ စစ်ခေါင်းဆောင်က ကောက်ချက်ချမှာဖြစ်ပါတယ်။

မြန်မာဟာအာဆီယံအဖွဲ့ဝင် ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒေသတွင်းက နိုင်ငံတွေကတော့ သူတို့နိုင်ငံတွေရဲ့အကျိုးအမြတ်အတွက် မြန်မာနိုင်ငံနဲ့ ဆက်ဆံတာ၊ ကူးသန်းရောင်းဝယ်တာတွေကို လုပ်ရမှာပဲဆိုတဲ့အချက်ကို စစ်အုပ်စုကသဘောပေါက်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေဟာလည်း ဒေသတွင်း လုံခြုံရေးကို သက်ရောက်မှုရှိသလို တရုတ်ရဲ့လွှမ်းမိုးမှုကို ထိန်းညှိဖို့ မဟာဗျုဟာအရလည်းအရေးပါနေပါသေးတယ်။

ဒီလိုအချက်တွေဟာ စစ်အုပ်စုကို အစိုးရတစ်ရပ်အနေနဲ့ အာဆီယံက အသိအမှတ်မပြုဘူးဆိုရင် အဖွဲ့ကြီးကနေ နုတ်ထွက်မယ်လို့ခြိမ်းခြောက်နိုင်အောင် အားပေးရာလည်း ရောက်နေပါတယ်။

( Griffith Asia Institute မှ ပါမောက္ခ Andrew Selth ရဲ့ If pushed far enough, would Myanmar leave ASEAN? ကို ဆီလျော်အောင်ပြန်ဆိုထားတာဖြစ်ပါတယ်။ )

Photo – Alexander Zemlianichenko/AFP via Getty Images

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။