Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူ့ကာကွယ်​ရေးတပ်များအတွက် လက်နက်များ ထုတ်လုပ်တပ်ဆင်​ပေး​နေပြီဟု လက်နက်ထုတ်လုပ်​ရေးတပ်ဖွဲ့ အသိ​ပေး

“လက်နက်ရရှိတဲ့ တပ်ဖွဲ့ဝင်တွေဟာ ပျော်ရွှင်အားတက်နေကြပြီး ပြည်သူတွေအတွက် တိုက်ပွဲဝင်ကြဖို့လည်း အသင့်ဖြစ်နေကြပါတယ်”ဟု PSPTက ပြောသည်။

▪️ပြည်သူများဘက်မှလည်း ပူး​ပေါင်းပါဝင်​ပေးကြရန် ​တောင်းဆို

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် ဒေသခံ ပြည်သူ့တပ်ဖွဲ့ (LDF)များအတွက် လက်နက်များကိုယ်တိုင်ထုတ်လုပ်တပ်ဆင်ပေးနေပြီဟု ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ (People Soldiers’ Production Team)က ယနေ့(ဖေဖော်ဝါရီ ၁၀ရက်) ထုတ်ပြန်အသိပေးသည်။

“လက်နက်ရရှိတဲ့ တပ်ဖွဲ့ဝင်တွေဟာ ပျော်ရွှင်အားတက်နေကြပြီး ပြည်သူတွေအတွက် တိုက်ပွဲဝင်ကြဖို့လည်း အသင့်ဖြစ်နေကြပါတယ်”ဟု PSPTက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြင်းပြထက်သန်သည့် စိတ်ဓာတ်များနှင့်အတူ လက်နက်ရရှိရေးသာ ပေါင်းစပ်နိုင်ပါက တော်လှန်ရေးခရီး အမြန်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း PSPTက ဆိုသည်။

Public Service Announcement

Public Service Announcement

လက်နက်ထုတ်လုပ်ရေးလုပ်ငန်းသည် စစ်မဟာဗျုဟာ အကောင်အထည်ဖော်ရေး၌ အင်မတန်အရေးကြီးသည့်အတွက် ပြည်သူများဘက်မှထောက်ပံ့ကူညီပေးကြရန်လည်း PSPTက တောင်းဆိုသည်။

၂၀၂၁ နိုဝင်ဘာက CDM တပ်မတော်သားများဖြင့်စတင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ (People Soldiers’ Production Team)သည် ရှေ့ထွက်မိုင်းနှင့်ကားမိုင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက်လည်း ထုတ်လုပ်ပေးလျက်ရှိသည်။

ထို့အပြင် စစ်အာဏာရှင်တော်လှန်ရေးအတွက် ရရာလက်နက်စွဲကိုင်နေရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များစွာရှိနေပြီး အချို့ဒေသများ(စစ်ကိုင်း၊မကွေး၊ချင်း) တို့တွင်လည်း ကိုယ်တိုင်လုပ် လက်လုပ်မိုင်းများ၊၆၀(မမ)ကဲ့သို့ လက်နက်ကြီးများအပါအဝင် ရေမြှုပ်မိုင်းများကို ကြိုးစားထုတ်လုပ်မှုများစွာရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။