Connect with us

Hi, what are you looking for?

News

ပြည်သူ့ကာကွယ်​ရေးတပ်များအတွက် လက်နက်များ ထုတ်လုပ်တပ်ဆင်​ပေး​နေပြီဟု လက်နက်ထုတ်လုပ်​ရေးတပ်ဖွဲ့ အသိ​ပေး

“လက်နက်ရရှိတဲ့ တပ်ဖွဲ့ဝင်တွေဟာ ပျော်ရွှင်အားတက်နေကြပြီး ပြည်သူတွေအတွက် တိုက်ပွဲဝင်ကြဖို့လည်း အသင့်ဖြစ်နေကြပါတယ်”ဟု PSPTက ပြောသည်။

▪️ပြည်သူများဘက်မှလည်း ပူး​ပေါင်းပါဝင်​ပေးကြရန် ​တောင်းဆို

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် ဒေသခံ ပြည်သူ့တပ်ဖွဲ့ (LDF)များအတွက် လက်နက်များကိုယ်တိုင်ထုတ်လုပ်တပ်ဆင်ပေးနေပြီဟု ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ (People Soldiers’ Production Team)က ယနေ့(ဖေဖော်ဝါရီ ၁၀ရက်) ထုတ်ပြန်အသိပေးသည်။

“လက်နက်ရရှိတဲ့ တပ်ဖွဲ့ဝင်တွေဟာ ပျော်ရွှင်အားတက်နေကြပြီး ပြည်သူတွေအတွက် တိုက်ပွဲဝင်ကြဖို့လည်း အသင့်ဖြစ်နေကြပါတယ်”ဟု PSPTက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြင်းပြထက်သန်သည့် စိတ်ဓာတ်များနှင့်အတူ လက်နက်ရရှိရေးသာ ပေါင်းစပ်နိုင်ပါက တော်လှန်ရေးခရီး အမြန်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း PSPTက ဆိုသည်။

Public Service Announcement

Public Service Announcement

လက်နက်ထုတ်လုပ်ရေးလုပ်ငန်းသည် စစ်မဟာဗျုဟာ အကောင်အထည်ဖော်ရေး၌ အင်မတန်အရေးကြီးသည့်အတွက် ပြည်သူများဘက်မှထောက်ပံ့ကူညီပေးကြရန်လည်း PSPTက တောင်းဆိုသည်။

၂၀၂၁ နိုဝင်ဘာက CDM တပ်မတော်သားများဖြင့်စတင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ (People Soldiers’ Production Team)သည် ရှေ့ထွက်မိုင်းနှင့်ကားမိုင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက်လည်း ထုတ်လုပ်ပေးလျက်ရှိသည်။

ထို့အပြင် စစ်အာဏာရှင်တော်လှန်ရေးအတွက် ရရာလက်နက်စွဲကိုင်နေရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များစွာရှိနေပြီး အချို့ဒေသများ(စစ်ကိုင်း၊မကွေး၊ချင်း) တို့တွင်လည်း ကိုယ်တိုင်လုပ် လက်လုပ်မိုင်းများ၊၆၀(မမ)ကဲ့သို့ လက်နက်ကြီးများအပါအဝင် ရေမြှုပ်မိုင်းများကို ကြိုးစားထုတ်လုပ်မှုများစွာရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ