Connect with us

Hi, what are you looking for?

News

ရဲစခန်းနှင့် ရဲကင်းစခန်းများ မကြာခဏတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စခန်းများ၌ မိုင်းများထောင်ထားရန် ညွှန်ကြားစာထွက်ပေါ်လာ

တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ရဲစခန်း၊ရဲကင်းစခန်းများ၏ ခံစစ်လုပ်ငန်း များကို နယ်မြေထိန်းတပ်များနှင့် လှုပ်ရှားစစ်ကြောင်းများက သွားရောက် စစ်ဆေးရမည်ဟု ဆိုသည်။

ရဲစခန်းနှင့် ရဲကင်းစခန်းများ မကြာခဏတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် အဆိုပါစခန်းများသို့ ဝင်ရောက်နိုင်သည့် လမ်းကြောင်းများတွင် မိုင်းများ ထောင်ရန် အကြမ်းဖက်စစ်ကောင်စီ၏ ညွှန်ကြားသည့် ကြေးနန်းစာတစ်ခု ထွက်ပေါ်လာသည်။

တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ရဲစခန်း၊ရဲကင်းစခန်းများ၏ ခံစစ်လုပ်ငန်း များကို နယ်မြေထိန်းတပ်များနှင့် လှုပ်ရှားစစ်ကြောင်းများက သွားရောက် စစ်ဆေးရမည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရဲစခန်းနှင့် ရဲကင်းများသို့ ဝင်ရောက်လာ နိုင်သည့် လမ်းကြောင်းများတွင် ရှေ့ထွက်မိုင်းနှင့် စွန့်လွှတ်မိုင်းများ ထောင်ထား ရန်လည်း အဆိုပါကြေးနန်းစာ၌ ဖော်ပြသည်။

အရေးကြီးရဲစခန်းနှင့် ရဲကင်းများစခန်းများအတွက် မိုင်းထောင်ရန် မိုင်းလိုအပ်ချက်စာရင်းကို ယနေ့(ဖေဖော်ဝါရီ ၁၀ ရက်)နေ့အမီ တင်ပြရန်လည်း စာအတွင်းပါရှိသည်။

Public Service Announcement

Public Service Announcement

“ဒီစာရဲ့သဘောက ဘယ်တိုင်းစစ်ဌာနချုပ်ကလဲဆိုတာ မဖော်ပြထားဘူး။ဖျက်ထားတယ်။ဒါက ကျွန်တော်တို့ တွေ့ရတဲ့စာကို ပြောတာနော်။စာပါ အချက်အလက်တွေကိုလည်း ကျွန်တော်တို့ ပြည်သူ့တပ်ဖွဲ့တွေဆီလည်း ရောက်စေချင်ပုံရတယ်။ခြိမ်းခြောက်တဲ့ အနေအထားပေါ့။ အရင်လို အလွယ်တကူ သိမ်းလို့မရတော့ဘူး။ ငါတို့တော့ ရဲစခန်းတွေမှာမိုင်းတွေ ထောင်တော့မယ်။ ဘယ်နေရာလည်းဆိုတာတော့ မင်းတို့ကို မပြောဘူး ဆိုတာမျိုး။ ကျွန်တော်တို့ ပြောချင်တာကတော့ စခ ၊ရခတွေအနေနဲ့ အာဏာရှင်လက် အောက်မှာရှိနေသ၍ ရတဲ့နည်းနဲ့ တိုက်နိုင်တယ်ဆိုတာ အသိပေးလိုတယ်”ဟု တန့်ဆည် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယခုလပိုင်းအတွင်း ကချင်၊မကွေး နှင့်စစ်ကိုင်းတိုင်းတို့၌ ရဲစခန်းများဝင်ရောက် စီးနင်းခံရပြီး စစ်ကောင်စီ တပ်သားများစွာသေဆုံးပြီး လက်နက်ခဲယမ်း အများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရရှိခဲ့သည်။

ထို့အပြင် ကချင်ပြည်နယ် မိုးညှင်းနှင့် ဖားကန့်ဒေသတို့ရှိ ရဲကင်းတပ်စခန်း များကိုလည်း KIA က တိုက်ခိုက် သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။