Connect with us

Hi, what are you looking for?

News

ဝန်ထမ်းများ CDMပြုလုပ်ရန် စည်းရုံးမှု တစ်နှစ်ကျော်ကြာပြီဖြစ်၍ အချိန်လုံလောက်ပြီဟု KSCC ထုတ်ပြန်

တော်လှန်ရေးအင်အားစုများအနေဖြင့်နှစ်ပေါင်း ၇၀ ကျော်ကြာ ကြီးစိုးလွှမ်းမိုးခဲ့သော စစ်အာဏာရှင်နှင့် အာဏာရှင်မှန်သမျှကို အမြစ်ပြတ် ချေမှုန်းရာ၌ ၎င်းတို့၏ ယန္တရားလည်ပတ်နိုင်အောင် ထောက်ကူပြုနေသည့်ထောက်တိုင်များအားလုံးကို ချေမှုန်းဖြိုလဲသွားမည်ဖြစ်ကြောင်းလည်း KSCCက ကြေညာခဲ့သည်။

(ငြိမ်းချမ်းစွာပြည်သူ့အာဏာဖီဆန်​ရေးလှုပ်ရှားမှုတွင် ပါဝင်လာ​စေရန် လှုံ့​ဆော်ဆန္ဒပြ​နေ​သော ​တောင်ကြီးမြို့ရှိ ပညာ​ရေးဝန်ထမ်းများကို ပြီးခဲ့သည့်နှစ် ဖေ​​ဖော်ဝါရီက ​တွေ့ရစဥ်)

▪️ယနေ့မှစ၍ CDMပြုလုပ်ရန် ထပ်မံတိုက်တွန်းကြောင်းနှင့် စစ်ကောင်စီထောက်တိုင်များအား ချေမှုန်းမည်ဖြစ်ကြောင်းကြေညာ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို သစ္စာခံ၍ တာဝန်ထမ်းဆောင်နေသောကျန်ရှိနေသည့် ဝန်ထမ်းများအား ငြိမ်းချမ်းစွာပြည်သူ့အာဏာဖီဆန်​ရေးလှုပ်ရှားမှု (CDM)ပြုလုပ်ခြင်းဖြင့် ပြည်သူနှင့်ပူးပေါင်းရန် တော်လှန်ရေး အင်အားစုများက စည်းရုံးဖိတ်ခေါ်ခဲ့ပြီး အချိန်ကာလအားဖြင့် တစ်နှစ်ကျော်ကြာလခဲ့ပြီဖြစ်၍ လုံလောက်သော အချိန်ဖြစ်သည်ဟု သတ်မှတ်ကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က ယနေ့ ထုတ်ပြန်သည်။

သို့ဖြစ်၍ ကရင်နီပြည်နယ်အတွင်း CDMမပြုလုပ်ဘဲ စစ်ကောင်စီအား သစ္စာခံနေသောစစ်ဘက် အရပ်ဘက် ဝန်ထမ်းများအားလုံး ကြေညာစာထွက်သည့် ဖေဖော်ဝါရီ ၁၃ရက်မှစ၍ CDMပြုလုပ်ကြရန် လေးနက်စွာ ထပ်မံ တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်များကို ထောက်ထားငဲ့ညှာခြင်းမရှိဘဲ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ် ဖြတ်ခြင်း၊လက်နက်ကြီးငယ်များ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည့် အာဏာသိမ်းစစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းခြင်းမလုပ်နိုင်ပါက နောက်ထပ် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်ကို ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကြောင်း KSCCက ဆို သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စစ်အာဏာရှင်စနစ်ဆိုးအောက် ထပ်မံမရောက်ရှိစေရန်အတွက် CDM၏ အခန်းကဏ္ဍသည်လည်းအလွန်အရေးကြီး၍ ပြည်သူ့ဝန်ထမ်းများ CDM တွင် ဆက်လက်ပါဝင်ပေးရန် လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့်နှစ်ပေါင်း ၇၀ ကျော်ကြာ ကြီးစိုးလွှမ်းမိုးခဲ့သော စစ်အာဏာရှင်နှင့် အာဏာရှင်မှန်သမျှကို အမြစ်ပြတ် ချေမှုန်းရာ၌ ၎င်းတို့၏ ယန္တရားလည်ပတ်နိုင်အောင် ထောက်ကူပြုနေသည့်ထောက်တိုင်များအားလုံးကို ချေမှုန်းဖြိုလဲသွားမည်ဖြစ်ကြောင်းလည်း KSCCက ကြေညာခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းသည် ယခု ဖေဖော်ဝါရီလဆန်းက ကရင်နီပြည်နယ်ရှိမြို့နယ်အချို့သို့သွားရောက်ပြီး ဝန်ထမ်းများ ဖေဖော်ဝါရီ ၂၅ရက် နောက်ဆုံးထား၍ ပြန်လည်တာဝန်ထမ်းဆောင်ရန် ညွှန်ကြားခဲ့ရာ ယင်းညွှန်ကြားချက်ကို လက်မခံရန် နှင့်လက်ခံပါက အရေးယူသွားမည်ဖြစ်ကောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ပြည်ပရောက် အတိုက်အခံနဲ့ CDM များကို စစ်အုပ်စုက ခြေရာခံပုံ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။