Connect with us

Hi, what are you looking for?

News

သံဃသမဂ္ဂရဟန်းတော်များမှ (၃၇၁)ရက်မြောက် ပရိတ်ရွတ် မေတ္တာပို့

အစစ်​ဆေးကြမ်း၍ ဖမ်းဆီးမှုများစွာရှိ​နေ​သော်လည်း သံဃသမဂ္ဂ ရဟန်းတော်များမှ ပရိတ်ရွတ်ခြင်းနှင့် မေတ္တာပို့ခြင်းတို့ကို ရက်မပျက်နေ့စဥ် ပြုလုပ်လျက်ရှိသည်။

သံဃသမဂ္ဂ(မန္တလေး)မှ ရဟန်းတော်များက ယနေ့(ဖေဖော်ဝါရီ ၁၄)တွင် (၃၇၁)ရက်မြောက် ပရိတ်ရွတ်ခြင်းနှင့် မေတ္တာပို့သခြင်းများ လုပ် ဆောင်ခဲ့ကြောင်း ထုတ်ပြန်သည်။

အစစ်​ဆေးကြမ်း၍ ဖမ်းဆီးမှုများစွာရှိ​နေ​သော်လည်း သံဃသမဂ္ဂ ရဟန်းတော်များမှ ပရိတ်ရွတ်ခြင်းနှင့် မေတ္တာပို့ခြင်းတို့ကို ရက်မပျက်နေ့စဥ် ပြုလုပ်လျက်ရှိသည်။

ယခုကဲ့သို့ ရွတ်ဖတ်ပူဇော်ရခြင်းမှာ စစ်အာ ဏာသိမ်းမှုကြောင့် ပြည်သူလူထု ကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းမှ
အမြန်ဆုံးကင်းပျောက်စေရန်ရည်ရွယ်ကြောင်း သံဃသမဂ္ဂထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် စစ်ကျွန်ဘဝမှလွတ်​မြောက်ရန်၊ တိုက်ပွဲဝင်နေကြသောကဏ္ဍအသီးသီးကတော်လှန်ရေးတပ်သားများ၊​အကျဥ်းထောင်ထဲမှ ရဲ​ဘော်​များ၊ ပြည်သူ့တပ်သား PDFရဲဘော်များပြည်သူ​တွေအတွက် ကျန်းမာ၍ ဘေးအန္တရာယ် ကင်းရှင်းကြပါစေကြောင်း မေတ္တာပို့ ဆုတောင်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တရုတ်အစိုးရကြားဝင်မှုဖြင့် MNDAAကပြန်ပေးထားသည့်လားရှိုးမြို့​တွင်စစ်ကောင်စီက အန္တရာယ်ကင်းပရိတ်ရွတ်ရန် စီစဉ်နေသည်။

သတင်း

စစ်အာဏာရှင်များသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အရေးအခင်းတွင်လည်း သံဃာတော်အများအပြားအား ရက်ရက်စက်စက်သတ်ဖြတ်မှု ပြုလုပ်ခဲ့သူများဟု ငွေကြာရံပရိယတ္တိ စာသင်တိုက်မှ ရွှေဝါရောင်ဆရာတော် ဦးအဂ္ဂဓမ္မက လူထုနွေဦးသို့ မိန့်ကြားသည်။

သတင်း

စစ်ကောင်စီကမည်သည့်နေရာကိုခေါ်ဆောင်သွားမှန်းမသိရဘဲ မိသားစုနဲ့အဆက်အသွယ်ပြတ်နေတာလို့ သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း

စစ်အုပ်စုသည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၁၅ ရက်က မန္တလေးမြို့ရှိ ပြည်ကြီးတံခွန်ဆရာတော်ကျောင်းကို ဝင်ရောက်စီးနင်းကာ လူငယ် များကို ရိုက်နှက်ခဲ့သေးသည်။