Connect with us

Hi, what are you looking for?

News

အင်းစိန်​ထောင်မှ ၁၆၀ခန့်လွှတ်​ပေးရာ နိုင်ငံ​ရေးအကျဥ်းသားမပါ

လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟုကြေညာထားသောကြောင့် အင်းစိန်ထောင်​ပေါက်ဝတွင် စောင့်ဆိုင်းနေသူများပြားသောကြောင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများကို အခြားဘက်မှ လွှတ်ပေးခဲ့သည်။

နှစ်ဆန်းတစ်ရက်တွင် အကျဥ်းသားအချို့ လွတ်ငြိမ်းသက်သာခွင့်ပေးရာ အင်းစိန်ဗဟိုအကျဥ်းထောင်မှ အကျဉ်းသား ၁၆၀ခန့်လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ မပါဝင်ကြောင်း အဆိုပါ ထောင်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဆေးမှုနဲ့ တပ်ပြေးပုဒ်မတွေပါတယ်။ ၅၀၅ တွေတော့မပါဘူး။ လွှတ်တာတော့ ၁၆၀ လောက်ရှိမယ်။ အတိအကျတော့ မပြောတတ်ဘူး။ အမျိုးသမီး ၆ ဦးပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟုကြေညာထားသောကြောင့် အင်းစိန်ထောင်​ပေါက်ဝတွင် စောင့်ဆိုင်းနေသူများပြားသောကြောင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများကို အခြားဘက်မှ လွှတ်ပေးခဲ့သည်။

“YBS လေးစီးနဲ့ လွှတ်ပေးတယ်။ ဘယ်မှာစောင့်ရမှန်းမသိတော့ တော်တော်ဒုက္ခရောက်ရတယ်။နေပူတာရော ဟိုပြေးဒီပြေးနဲ့ ခေါင်းတွေတောင်မူးတယ်”ဟု လာရောက်စောင့်ဆိုင်းနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် လွတ်ငြိမ်းသက်သာ ခွင့် အကြိမ်ကြိမ်ပေးနေသော်လည်း နိုင်ငံရေးအကျဉ်းသားလွှတ်ပေးသည့် ရာခိုင်နှုန်းမှာ အနည်းငယ်ခန့်သာပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အကျဥ်းသားဧည့်တွေ့ခွင့် ငွေကောက်ခံမှုနှင့်ပတ်သက်၍ ရွှေဘိုမြို့ရှိ နိုင်ငံရေးသမားများထံ ဆက်သွယ်မေးမြန်းထားပြီး မှတ်ချက်တစုံတရာ မရရှိသေးပေ။

သတင်း

သာယာဝတီထောင်သည် နိုင်ငံရေးအကျဥ်းသားများအား ဖိနှိပ်မှုတွင် နာမည်ကြီးသည့် အကျဉ်းထောင် တစ်ခုဖြစ်သည်။

သတင်း

ဦးစိန်လင်းသည် မန္တလေးအိုးဘိုအကျဥ်းထောင်တွင် နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ်(၂၇)နှစ်အထိ မတရားနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူဖြစ်သည်။

သတင်း

ကိုထက်ရန်နိုင်အား နေ့လယ် ၁ နာရီကျော်‌မှသာ မန္တလေးဆေးရုံကြီးသို့ လွှဲပေးခဲ့ပြီး ဆေးရုံကြီး၌ ကျဆုံးခဲ့ရကြောင်း ကိုသိုက်ထွန်းဦးက ပြောကြားသည်။