Connect with us

Hi, what are you looking for?

News

ဝင်းရော်ဒေသမှာ ဆေးဝါးနဲ့ အထွေထွေအကူအညီတွေလိုအပ်နေ

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ ဆေးဝါးနဲ့ အထွေထွေကူညီမှုတွေ လိုအပ်လျက်ရှိနေပြီး ဝင်းရောက်ဒေသ စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ စစ်ရှောင်ပြည်သူတွေရဲ့ နေရေးစားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ တံခွန်တိုင်ကျေးရွာအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးတင်းမာမှုနဲ့ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့ အထွေထွေကူညီမှုတွေ လိုအပ်လျက်ရှိနေတယ်လို့ ဝင်းရော်ဒေသ နွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်တွေထံကနေ သိရပါတယ်။

ဧပြီလ ၂၃ ရက်ကစပြီး ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာရဲစခန်းအနီးမှာ KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တံခွန်တိုင်ကျေးရွာအပေါ် လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူတစ်ဦးသေဆုံးခဲ့ကာ သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲနဲ့ စစ်ကောင်စီရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် တံခွန်တိုင်ကျေးရွာအပါအဝင် အနီးအနားက ကျေးရွာတွေက ဒေသခံပြည်သူလူထုထောင်ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ ဆေးဝါးနဲ့ အထွေထွေကူညီမှုတွေ လိုအပ်လျက်ရှိနေပြီး ဝင်းရောက်ဒေသ စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ စစ်ရှောင်ပြည်သူတွေရဲ့ နေရေးစားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဝင်းရော်ဒေသ စစ်ရှောင်ပြည်သူတွေအတွက် ဆေးဝါးအမြန်လိုအပ်လျက်ရှိပါတယ်။ ရိက္ခာတွေလည်း လိုအပ်နေတဲ့အတွက် ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ဆန်ဆီဆား မာမားထုပ် ငါးသေတ္တာအစရှိတဲ့ ရိက္ခာတွေ တာလပတ် ဓာတ်ဆားထုပ်နဲ့ ဓာတ်မီးတွေနဲ့ Camp မှာ မီးစက်လှည့်ဖို့ ဓာတ်ဆီအစရှိတာတွေ လိုအပ်လျက်ရှိပါတယ်”လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေက ရေးသားပြောဆိုပါတယ်။

ဒါ့အပြင် ဝင်းရော်ဒေသစစ်ဘေးရှောင်တွေအတွက် ကေအဲန်ယူ-ဝင်းရေးမြို့နယ်တာဝန်ရှိသူတွေက ဆန်အိတ် ၂၀၀ နီးပါး သွားရောက်ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့လည်း ကေအိုင်စီသတင်းဌာနရဲ့ ရေးသားဖော်ပြချက်ကနေ သိရပါတယ်။

လတ်တလောမှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားတာမရှိသေးပေမယ့် နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနိုင်သေးတာကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ နေရပ်ကိုမပြန်ရဲကြသေးဘူးလို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒီလို တံခွန်တိုင်ကျေးရွာဘက်ကို အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်ဟာ ချီတက်ရာလမ်းတစ်လျှောက်မှာ ဥယျာဉ်ခြံအတွင်းက ဒေသခံအရပ်သားတွေကို ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုဆောင်ရွက်လျက်ရှိကာ နောက်ပိုင်းမှာတော့ ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ဦးရေဟာ ၃၀၀၀၀ ဝန်းကျင်ခန့်ရှိနေပြီး အခက်အခဲတွေကြုံဆုံနေရကာ ကူညီမှုတွေလိုအပ်လျက်ရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေအပြင် ဆေးဝါးတွေလည်း စျေးတက်နေတာကြောင့် သွေးတိုး၊ ဆီးချိုစတဲ့ နာတာရှည်ဝေဒနာရှင်တွေအတွက် အခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်စပ်မှာတိုက်ပွဲတွေကြောင့်ကျေးရွာပေါင်း၂၀ ကျော် တိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူတွေဟာ အကူအညီတွေလိုအပ်နေပါတယ်။

နိုင်ငံတကာ

အကိုက်အခဲ ပျောက်ဆေးကြောင့် အော်တစ်ဇင်ရောဂါ ဖြစ်ပွားနိုင်တယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားဟာ အမှန်တရားကိုအပြင်းအထန် ဆန့်ကျင်တာလို့ ဘာရတ် အိုဘားမားက ဝေဖန်သွားခဲ့ပါတယ်။