Connect with us

Hi, what are you looking for?

News

မြင်းမူမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုစီးနင်းခံရပြီး နှစ်ဖက်ထိခိုက်မှုရှိဟုဆို

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ နှစ်ဦးထိခိုက်ထားကြောင်း၊ ခရီးသွားပြည်သူများအနေဖြင့် မန္တလေး-မုံရွာလမ်း၊ ထီးဆောင်း- အရာ‌တော်လမ်းများအား ဂရုစိုက်သွားလာကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့က သတိပေးထားသည်။

(အခင်းဖြစ်ပွားနေသည့် မြင်းမူမြို့နယ် ထီးဆောင်း-အရာတော်လမ်းပိုင်း)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုစီးနင်းခံရပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားနေကာ နှစ်ဖက်ထိခိုက်မှုများရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မြင်းမူမြို့နယ် အခြေစိုက်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် MyinMu Defence Force နှင့် GTR MMU စခန်းနေရာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ယနေ့ (ဧပြီ ၂၉ရက်) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့ကြောင်း ၎င်းအဖွဲ့နှစ်ဖွဲ့မှ ထုတ်ပြန်အသိပေးထားသည်။

“နံနက် ၄နာရီခွဲခန့်က ထီးဆောင်းလမ်းပေါ် ကန်တော်ရွာနှင့် ငါးကင်းကြားမှာတိုက်ပွဲဖြစ်ပွားခဲ့တာပါ။ စကစတပ် သား ထိခိုက်မှုများတယ်လို့သိရပြီး နံနက် ၆နာရီ မိနစ်၂၀လောက်မှာ ဒဏ်ရာရ၊ အသေတွေကို မြင်းမူဆေးရုံသယ်လာတယ်လို့ ဒေသခံတွေထံကသိရပါတယ်။ စကစတပ်ဖွဲ့ ကန်တော်ရွာမှာတပ်စွဲထားတယ်လို့သိရပါတယ်”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ရေးသားထားသည်။

“ဒီနေ့ မနက် ကျနော်တို့ GTR MMUစခန်းကို ခွေးတွေဝင် စီးတာခံရပါတယ်။ မုံရွာ-မန္တလေးလမ်းနဲ့ ထီးဆောင်း – အရာတော်လမ်းသွားမယ့် သူတွေဂရုစိုက်ဖို့ မှာပါရစေ။ဖြစ်နိုင်ရင် မသွားကြပါနဲ့”ဟု GTR-MMU အဖွဲ့က အသိ ပေးသည်။

Public Service Announcement

Public Service Announcement

“အဲဒါကြောင့်မို့ မနက်စောစောက အသံတွေကြားနေရတယ်။ အောက်မေ့နေတာ။ လေယာဉ်တွေဝဲနေကတည်း က ထင်ပါတယ်။ အခု မြင်းမူဆေးရုံထဲမှာလ​ည်း စကစတွေရှိနေတယ်”ဟု မြင်းမူဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ နှစ်ဦးထိခိုက်ထားကြောင်း၊ ခရီးသွားပြည်သူများအနေဖြင့် မန္တလေး-မုံရွာလမ်း၊ ထီးဆောင်း- အရာ‌တော်လမ်းများအား ဂရုစိုက်သွားလာကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့က သတိပေးထားသည်။

မြင်းမူမြို့နယ် မုံရွာ-မန္တလေးလမ်းနှင့် ထီးဆောင်း-အရာတော်လမ်းပေါ်တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်များ မကြာခဏတိုက်ခိုက်ခံနေရပြီး ဧပြီ၂၆ ရက်ကလည်း မန္တလေးမှမုံရွာမြို့သို့သွားသည့် စစ်ကောင်စီယာဥ်တန်းသည် မြင်းမူနယ်အတွင်းတွင်လည်း တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။