Connect with us

Hi, what are you looking for?

News

ပြည်သူများ လှူဒါန်း​ပေးပို့သည့် တပ်ဖွဲ့ယူနီ​ဖောင်းကို က​လေး PDF တပ်ရင်း(၁) ဝတ်ဆင်ပြသ

စစ်အာဏာရှင်တော်လှန်ရေး အလွန်ကောင်းသည့် ချင်းတောင်တန်းဒေသနှင့် ယောနယ်ကြားတွင် ရှိနေသော ကလေးမြို့နယ်ကို စစ်ကောင်စီက ​ခြေကုတ်ယူနိုင်ရန်ကြိုးစားနေသော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ တုန့်ပြန်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှာ အထိနာနေသည်။

ပြည်သူများက လှူဒါန်း​ပေးပို့သည့် တပ်ဖွဲ့ယူနီဖောင်းအပြည့်အစုံကို ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)က ဝတ်ဆင်ပြသလိုက်ပြီး အလှူရှင်ပြည်သူများအား ကျေးဇူးတင်စကားပြောကြားလိုက်သည်။

လွယ်အိတ်၊လည်စီး၊ဖိနပ်နှင့် ခါးပတ်အပါအဝင် ယူနီဖောင်းအပြည့်အစုံကို တပ်ဖွဲ့ဝင်များ ဝတ်ဆင်ရင်း စစ်ရေးလေ့ကျင့်နေသည့် မှတ်တမ်းဓာတ်ပုံများကို ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁) က ယနေ့(မေ ၁ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

“PDF (Kalay) တပ်ရင်း(၁)အတွက် လှူဒါန်းပေးကြတဲ့ဝတ်စုံ၊ဘူး၊ဖိနပ်၊ခါးပတ်၊ဦးထုပ်၊လွယ်အိတ်၊လည်စည်း၊စသည်တို့ရောက်ပါပြီဗျ။ ဝတ်စုံတွက် ခုလို တစ်ထောင်ကျပ်ကနေစပြီးပါဝင်ပေးကြတဲ့ အလှူရှင်များကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျ”ဟု ကလေးမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)က ထုတ်ပြန်သည်။

စစ်အာဏာရှင်တော်လှန်ရေး အလွန်ကောင်းသည့် ချင်းတောင်တန်းဒေသနှင့် ယောနယ်ကြားတွင် ရှိနေသော ကလေးမြို့နယ်ကို စစ်ကောင်စီက ​ခြေကုတ်ယူနိုင်ရန်ကြိုးစားနေသော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ တုန့်ပြန်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှာ အထိနာနေသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်း မဟာမိတ်များနှင့်အတူ စစ်ကောင်စီအမြစ်ပြတ်သည်အထိ တိုက်ခိုက်သွားမည်ဟုလည်း ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြော သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။