Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူများ လှူဒါန်း​ပေးပို့သည့် တပ်ဖွဲ့ယူနီ​ဖောင်းကို က​လေး PDF တပ်ရင်း(၁) ဝတ်ဆင်ပြသ

စစ်အာဏာရှင်တော်လှန်ရေး အလွန်ကောင်းသည့် ချင်းတောင်တန်းဒေသနှင့် ယောနယ်ကြားတွင် ရှိနေသော ကလေးမြို့နယ်ကို စစ်ကောင်စီက ​ခြေကုတ်ယူနိုင်ရန်ကြိုးစားနေသော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ တုန့်ပြန်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှာ အထိနာနေသည်။

ပြည်သူများက လှူဒါန်း​ပေးပို့သည့် တပ်ဖွဲ့ယူနီဖောင်းအပြည့်အစုံကို ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)က ဝတ်ဆင်ပြသလိုက်ပြီး အလှူရှင်ပြည်သူများအား ကျေးဇူးတင်စကားပြောကြားလိုက်သည်။

လွယ်အိတ်၊လည်စီး၊ဖိနပ်နှင့် ခါးပတ်အပါအဝင် ယူနီဖောင်းအပြည့်အစုံကို တပ်ဖွဲ့ဝင်များ ဝတ်ဆင်ရင်း စစ်ရေးလေ့ကျင့်နေသည့် မှတ်တမ်းဓာတ်ပုံများကို ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁) က ယနေ့(မေ ၁ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

“PDF (Kalay) တပ်ရင်း(၁)အတွက် လှူဒါန်းပေးကြတဲ့ဝတ်စုံ၊ဘူး၊ဖိနပ်၊ခါးပတ်၊ဦးထုပ်၊လွယ်အိတ်၊လည်စည်း၊စသည်တို့ရောက်ပါပြီဗျ။ ဝတ်စုံတွက် ခုလို တစ်ထောင်ကျပ်ကနေစပြီးပါဝင်ပေးကြတဲ့ အလှူရှင်များကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျ”ဟု ကလေးမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)က ထုတ်ပြန်သည်။

စစ်အာဏာရှင်တော်လှန်ရေး အလွန်ကောင်းသည့် ချင်းတောင်တန်းဒေသနှင့် ယောနယ်ကြားတွင် ရှိနေသော ကလေးမြို့နယ်ကို စစ်ကောင်စီက ​ခြေကုတ်ယူနိုင်ရန်ကြိုးစားနေသော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ တုန့်ပြန်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှာ အထိနာနေသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်း မဟာမိတ်များနှင့်အတူ စစ်ကောင်စီအမြစ်ပြတ်သည်အထိ တိုက်ခိုက်သွားမည်ဟုလည်း ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြော သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။