Connect with us

Hi, what are you looking for?

LuduNwayOo

News

အီးဒ်ပွဲတော်တွင် တိုင်းပြည်အတိဒုက္ခရောက်ချိန်ဖြစ်၍အခြားညီနောက်များနှင့် တစ်သားတည်းရှိကြောင်းပြသရန် မွတ်စ်လင်ပြည်သူ့ကာကွယ်ရေးအင်အားစုတိုက်တွန်း

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး အာဏာရှင်မင်းအောင်လှိုင်ကမတရားအာဏာငိမ်းပိုက်ပြီး ပြည်သူမြောက်များစွာကိုအကြောင်းမဲ့သတ်ဖြတ်သည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြ သည်။

People's Spring
People's Spring

အီးဒ်ပွဲတော်ကို မိမိနေအိမ်များတွင် မိသားစုနှင့်သာ ပျော်ရွှင်ကြရန်နှင့် တိုင်းပြည်အတိဒုက္ခရောက်နေချိန် အခြားညီနောင်များနှင့် တစ်သား တည်းရပ်တည်ကြရန် နွေဦးတော်လှန်ရေးမွတ်စ်လင်ပြည်သူ့ကာကွယ်ရေးအင်အားစုက တိုက် တွန်းလိုက်သည်။

“အီးဒ်ကတော့မနက်ဖြန်ပါခင်ဗျာ။ အဓိကကတော့မိသားစုတွင်းပဲပျော်ရွှင်စရာဖန်တီးပြီး ၊ တိုင်းပြည်စစ်အာဏာရှင်အောက်ရောက်နေချိန်လူအများစိတ်သောကရောက်နေတဲ့သူတွေနဲ့တသားတည်းရပ်တည်ပြီး အီးဒ်ပွဲတော်ကိုဆင်နွဲကြဖို့ပါပြောလိုပါတယ်”ဟုနွေဦးတော်လှန်ရေးမွတ်စ်လင်ပြည်သူ့ကာကွယ်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက​ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး အာဏာရှင်မင်းအောင်လှိုင်ကမတရားအာဏာငိမ်းပိုက်ပြီး ပြည်သူမြောက်များစွာကိုအကြောင်းမဲ့သတ်ဖြတ်သည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြ သည်။

တိုင်းပြည်လွတ်မြောက်ရေးကြိုးပမ်းမှုကို အရှိန်လျော့ရန်ရည်ရွယ်ပြီး ပြည်သူ့ဥစ္စာ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်း၊ အကျဥ်းထောင်သွင်းနှိပ်စက်ခြင်းတို့ပြုလုပ်လျက်ရှိရာ အစ္စလာမ်ဘာသာဝင်များအပါအဝင် တစ်နိုင်ငံလုံးဖြစ်ကြောင်းထောက်ပြသည်။

Public Service Announcement

Public Service Announcement

အာဏာတည်မြဲရေးအတွက် စစ်အာ ဏာရှင်နှင့် ပူးပေါင်းဆောင်ရွက်နေသူများကို မှတ်တမ်းတင်ထားပြီး အာဏာရှင်စနစ်အား အကောင် အထည်ဖော်သူများ၊ ပူးပေါင်းသူများကို အား သွန်ခွန်စိုက်တိုက်ထုတ်ရမည့်အချိန်ဖြစ်သည်ဟု အသိပေးသည်။

ထို့အပြင် အီးဒ်၏အဓိပ္ပါယ်မှာ ပျော်ရွှင်ဖွယ်ကောင်းသော အဖန်တလဲလဲပြန်လာသောအရာဟု ဖော်ပြသောကြောင့် အီးဒ်နေ့တွင် မရှိဆင်း ရဲသား နွမ်းပါးသူများကို မိမိတို့နှင့်တန်းတူပျော်ရွှင်နိုင်ရေး လှူဒါန်းပြီး သိုသိပ်စွာပျော်ရွှင်ကြရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိကာလသည် လူမျိုး၊ ဘာသာ မတူကွဲပြားမှုကို တန်ဖိုးထားသည့် ငြိမ်းချမ်းသာယာသော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရန် ကြိုးပမ်းနေကြသည့်အချိန် ဖြစ်ကြောင်း အသိပေးဖော်ပြသည်။

သတင်း

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားများအပေါ် သေဒဏ်စီရင်ခြင်းကို ဆန့်ကျင်သည့် ထောင်တွင်းအစာငတ်ခံဆန္ဒပြခြင်းများနှင့်ပတ်သက်၍ NUCC က ထုတ်ပြန်တိုက်တွန်းခဲ့ခြင်းဖြစ် သည်။

သတင်း

ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား စစ်ကောင်စီက မတရား သေဒဏ်စီရင်မှုအပေါ်CNO/CNDFက သဘော ထားထုတ်ပြန်ရာ၌ ယင်းသို့ဖော်ပြခဲ့ခြင်း ဖြစ်သည်။

သတင်း

စစ်အုပ်စု တာဝန်ရှိသူများအနေဖြင့် သေဒဏ်ပေးခဲ့သည့် နေ့ရက်၊ အချိန်အတိအကျနှင့် အခုလက်ရှိ ရုပ်အလောင်းကို မည့်သည့်နေရာမှာထားရှိသည်ကို အတည်ပြု ထုတ်ပြန်ရမည်ဟု AAPP က တိုက်တွန်းသည်။