Connect with us

Hi, what are you looking for?

News

ရွှေကူနယ်ရှိ ရွှေဖောင်များ ၂၄နာရီအတွင်းမထွက်ခွာပါက ပစ်ခတ်ရှင်းလင်းမည်ဟု မြို့လှPDF သတိ​ပေး

ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို အမှန်တကယ် ခံစားနားလည်မှုနှင့်အညီ ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှုလျက် ဤကဲ့သို့ ဧရာဝတီမြစ်အတွင်း လုပ်ဆောင်လျက်ရှိသော ရွှေဖောင်များ အမြန်ဆုံးရုပ်သိမ်းပေးနိုင်ရန် ဦးစွာအသိပေးတောင်းဆိုကြောင်း ဖော်ပြထားသည်။

ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှပြည်သူ့ကာကွယ် ရေးတပ်(PDF)နယ်မြေအတွင်းရှိ ရွှေဖောင်များ ၂၄နာရီအတွင်း ထွက်ခွာရန် သတိပေးကြောင်း မြို့လှ PDFက ယနေ့(မေလ ၁၃ရက်)ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်ရိုးတစ်လျှောက် လုပ်ဆောင်လျက်ရှိသော ရွှေဖောင်များသည် သဘာဝပတ်ဝန်းကျင်ကိုဆိုးရွားစွာ ထိခိုက်ဖျက်စီးလျက်ရှိသည်ကို ဒေသခံပြည်သူများမှ စိုးရိမ်တ ကြီးတင်ပြအကူအညီတောင်းခံလာသည့်အပေါ် ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟုဆိုသည်။

ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို အမှန်တကယ် ခံစားနားလည်မှုနှင့်အညီ ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှုလျက် ဤကဲ့သို့ ဧရာဝတီမြစ်အတွင်း လုပ်ဆောင်လျက်ရှိသော ရွှေဖောင်များ အမြန်ဆုံးရုပ်သိမ်းပေးနိုင်ရန် ဦးစွာအသိပေးတောင်းဆိုကြောင်း ဖော်ပြထားသည်။

ရွှေဖောင်များအား အဆိုပါသတိပေးထုတ်ပြန်ချက် ထုတ်ပြန်မှုအပြီး ၂၄နာရီအတွင်းအပြီးတိုင် ထွက်ခွာပေးရန် နှင့်သတိပေးထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်မှုမရှိပါက ရွှေဖောင်လုပ်ဆောင်နေသူများကို သဘာဝပတ်ဝန်းကျင်ဖျက်ဆီးနေသူများ၊ အများပြည်သူ၏ အကျိုးစီးပွားကို ဆုတ်ယုတ်စေသူများအနေဖြင့် သတ်မှတ်၍ ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း မြို့လှ PDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“မရှိလို့ လုပ်စားတဲ့ရတဲ့အခြေအနေမဟုတ်ဘူးဗျ။လုပ်ငန်းက အရင်းအနှီးအရမ်းကြီးတယ်။ပြီးတော့ ခေတ်မကောင်းတဲ့အချိန် လုပ်စားလာကြတာ။အရင်ကလည်း မြို့နယ်က ဘာသာပေါင်းစုံ၊ရပ်မိ၊ရပ်ဖပေါင်းစုံက စုပေါင်းကန့်ကွက်တာလုပ်ပြီး ရဲတွေဆီတိုင်တော့ ဘာမှမထူးခဲ့ဘူး”ဟု ရွှေကူမြို့နယ်နေသူတစ်ဦးက People’s Springသို့ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။