Connect with us

Hi, what are you looking for?

News

က​လေးမြို့နယ်တွင်စစ်​ကောင်စီတပ်က စစ်​ဘေး​ရှောင်များရှိ​သော​နေရာနှင့် PDF ရှိသည်ထင်​သော​နေရာများကကို ​လေ​ကြောင်းမှတိုက်ခိုက်

စစ်ကောင်စီ တိုက်လေယာဥ်များသည် မုံရွာမြို့ဘက်မှ ပျံသန်းလာခြင်းဖြစ်ပြီး လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အရပ်သားများ၏ အသက်အန္တရာယ် အလွန်စိုးရိမ်နေရသည်ဟု ကလေးမြို့ခံများကပြောသည်။

(စစ်​​ရေး​လေ့ကျင့်မှုအစီအစဥ်တစ်ခုတွင် စစ်တပ်က MI-35ကို ​လေ့ကျင့်ပစ်ခတ်ပြ​နေစဥ်။ ။ဓါတ်ပုံ-AFP)

●စစ်​ဘေးရှောင်ပြည်သူအချို့ပိတ်မိ​နေဟု ​ဒေသခံများ​ပြော

ကလေးမြို့နယ်တွင်စစ်​ကောင်စီတပ်က စစ်ဘေးရှောင်များ ရှိနေသည့် နေရာများနှင့် PDF စခန်းရှိသည်ထင်​သော နေရာများကိုယ​နေ့နံနက်ပိုင်းတွင် တိုက်ခိုက်​ရေးရဟတ်ယာဥ် နှစ်စင်းဖြင့် တိုက်ခိုက်နေ​ကြောင်း​ဒေသခံအချို့နှင့် လွတ်​တော်အမတ်က​ပြောသည်။

ယနေ့(မေ ၁၄ရက်) နံနက် ကိုးနာရီခန့်မှ စတင်ကာ၁၀ နာရီ​ကျော်အထိ့ စစ်ကောင်စီကMI-35 တိုက်ခိုက်​​ရေး ရဟတ်ယာဥ်နှစ်စင်းဖြင့်လာပစ်နေခြင်းဟု ကလေးမြို့နယ်မှ ဒီချုပ်ပါတီအမတ်ဒေါ်သန့်ဝေကျော်က အသိပေး ထားသည်။

” ကလေးခရိုင် PDFတပ်ရင်း (၄) ဖက်ခြမ်း စခန်းများ၊ စစ် ဘေးရှောင်စခန်းများ တည်ရှိရာဖက် စကစ MI -35နှစ်စင်းနဲ့ပစ်နေပါတယ်။ Jet သုံး စင်းနောက်ထပ် ပျံဝဲလာနေကြောင်း ကနဦး သတင်းသိရပြီး အခြေနေအသေးစိတ်မသိရသေး”ဟု ဒေါ်သန့်ဝေကျော်ကလူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ တိုက်လေယာဥ်များသည် မုံရွာမြို့ဘက်မှ ပျံသန်းလာခြင်းဖြစ်ပြီး လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အရပ်သားများ၏ အသက်အန္တရာယ် အလွန်စိုးရိမ်နေရသည်ဟု ကလေးမြို့ခံများကပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ အဆက်မပြတ်တိုက်ခိုက်နေပြီး စကားဝါတောင်၊ နွားတောင်နှင့် နွားချောင်းပတ်ဝန်းကျင်တွင် ခိုလှုံနေသော စစ်ရှောင်ပြည်သူများပိတ်မိနေသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Trending

Facebook