Connect with us

Hi, what are you looking for?

သတင်း

ဂန့်​ဂေါ​တောင်ပိုင်း ​ပူး​ပေါင်းစခန်းတစ်ခု​လေ​ကြောင်းတိုက်ခိုက်ခံရမှု ထိခိုက်ကျဆုံးမှုအချို့ရှိ​ကြောင်းတာဝန်ရှိသူ​​ပြော

“YDF နဲ့ PDF စိုးမိုးနယ်မြေကို သူတို့ ပြန်ယူဖို့ ကြိုးစားနေတယ်။ဒါပေမယ့် မြေ​ပြင် စစ် ကြောင်းက နေမလာပဲ ဝေဟင်ကနေ သုံးသွားတာ တွေက ရန်သူ စခ တပ်တွေ မြေပြင်စိုးမိုး မှုမရှိဘူးဆိုတာ သက်သေပဲ”ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က YDF စခန်းတစ်ခုကို တိုက်ခိုက်​ရေးရဟတ်ယာဥ်များဖြင့်တိုက်ခိုက်စဥ်။ ဓါတ်ပုံ-CJ)

●စစ်​ရေးတင်းမာ​နေဆဲဖြစ်ပြီး တိုက်ပွဲထပ်ဖြစ်နိုင်

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် တောင်ပိုင်းရှိ PDF နှင့်ယောဒေသကာကွယ်ရေးတပ်(YDF) တို့၏ ပူး​ပေါင်းစခန်းတစ်ခုကို စစ်​ကောင်စီတပ်ကရဟတ်ယာဥ်လေးစီးဖြင့် တိုက်ခိုက်ခံရသဖြင့် ထိခိုက်ကျဆုံး မှုအချို့ရှိကြောင်း YDF တာဝန်ရှိသူက လူထုနွေဦးသို့ အတည်ပြုသည်။

“မနေ့က တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ကမြေပြင်စစ်ကြောင်းလုံးဝ မသုံးသွားဘူး။ရဟတ်ယာဥ်တွေနဲ့ပဲ ပစ်တာ။ဒါကြောင့် ကျဆုံးမှုအချို့ ရှိခဲ့တာပါ”ဟု ၎င်းက ပြောသည်။

သို့သော် ထိခိုက်ကျဆုံးခဲ့သည့် ရဲဘော်အရေ အတွက် အတိအကျကို လတ်တလော ပြောဆို နိုင်ခြင်းမရှိသေးဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

(အကြမ်းဖက်စစ်​ကောင်စီတပ်က YDF စခန်းတစ်ခုကို တိုက်ခိုက်​ရေးရဟတ်ယာဥ်များဖြင့်တိုက်ခိုက်စဥ်။ ဓါတ်ပုံ-CJ)

“လေယာဥ်တွေနဲ့ ဝင်စီးခံရတဲ့နေရာက YDF တစ်ခုတည်းမဟုတ်ဘဲ အဖွဲ့စုံရှိတယ်။ကျသွားတဲ့ ရဲဘော်တွေကလည်း တစ်ဖွဲ့တည်းက မဟုတ်ဘူးဗျ။အခု ထိလည်း စစ်ရေးတင်မာနေတယ်။အခြေအနေ မငြိမ်သေးဘူး။တိုက်ပွဲကထပ်ဖြစ်နိုင်တယ်”ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

အကြမ်းဖက်စစ်တပ်ဝါဒဖြန့်သူများကမူ ဂန့်ဂေါ တိုက်ပွဲတွင် PDF ရဲဘော် ၇ ဦးသေဆုံးပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု လူမှုကွန်ယက်တွင် ဖြန့်ဝေထားသည်။

လက်ရှိတွင် မြစ်သာဆည်တမံ ပေါ်တွင် စစ်ကောင်စီတပ်က အင်အား ၈၀ ဝန်းကျင်ဖြင့် တပ်စွဲထားပြီး Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စီးပါရှိနေကြောင်း YDF က အသိပေးသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က YDF စခန်းတစ်ခုကို တိုက်ခိုက်​ရေးရဟတ်ယာဥ်များဖြင့်တိုက်ခိုက်စဥ်။ ဓါတ်ပုံ-CJ)

“YDF နဲ့ PDF စိုးမိုးနယ်မြေကို သူတို့ ပြန်ယူဖို့ ကြိုးစားနေတယ်။ဒါပေမယ့် မြေ​ပြင် စစ် ကြောင်းက နေမလာပဲ ဝေဟင်ကနေ သုံးသွားတာ တွေက ရန်သူ စခ တပ်တွေ မြေပြင်စိုးမိုး မှုမရှိဘူးဆိုတာ သက်သေပဲ”ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

ယမန်နေ့(မေ ၂၆ ရက်) နံနက် ၁၁ နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က ဂန့်ဂေါမြို့ နယ်၊တောင်ပိုင်း မြစ်သာဆည်အနီးတစ်ဝိုက်ရှိ အရာရှိရိပ်သာကုန်းအနီး Mi 35 နှင့် Mi 17 အမျိုးအစားရဟတ်ယာဥ်လေးစီးအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မြစ်သာဆည်ပတ်ဝန်းကျင်ရှိ ပနန်း၊စင်ပုံ၊ယင်းမာ နှင့် စံပယ်ရွာတို့မှ ပြည်သူများ ထွက်ပြေးတိမ်း​ရှောင်နေရသည်ဟုလည်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook