Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း ပစ်ခတ်မှုဖြစ်၊ ဆယ်အိမ်မှူးပါ နှစ်ဦးသေ

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရွှေပြည်သာမြို့ သာဓုကန်ထိပ်တွင် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးမှုများ အပါအဝင်မြို့နယ်တွင်း အရပ်ဝတ်များဖြင့်ကင်းလှည့် နေသည်ဟုလည်း အသိပေးသည်။

ရွှေပြည်သာမြို့နယ်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ဒေသခံများက People’s Springသို့ ပြောသည်။

အဆိုပါ ရပ်ကွက်ရုံးပစ်ခတ်မှုသည် ယနေ့(မေ ၂၈ရက်) နေလယ် ၁၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ် ပစ်ခတ်သံ ၁၅ချက်ထက်မနည်း ကြားခဲ့ရသည်ဟု ​ဒေသခံများက ဆိုသည်။

“သေတာက အုပ်ချုပ်ရေးမှူးရဲ့ ခိုင်းဘက်ဝင်းလှိုင်ရယ်၊ဆယ်အိမ်မှူးသန်းထွန်းရယ်။ပြီးတော့ ရာအိမ်မှူးဝင်းညွှန့်ကလည်း ကျည်ထိတယ် ကြားတယ်”ဟု ရွှေပြည်သာ မြို့နယ်နေသူတစ်ဦးက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရွှေပြည်သာမြို့ သာဓုကန်ထိပ်တွင် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးမှုများ အပါအဝင်မြို့နယ်တွင်း အရပ်ဝတ်များဖြင့်ကင်းလှည့် နေသည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ဒလ ၊မြောက်ဒဂုံနှင့် မရမ်းကုန်း မြို့နယ်များရှိ စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးမှုများရှိခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ပတ်သတ်နေသည့် အုပ်ချုပ်ရေးမှူးများ၊ဒလန်များ နှင့် ပျူစောထီးများအနေဖြင့် အချိန်မီနှုတ်ထွက် ရန်တော်လှန်ရေးအင်အားစုများက အကြိမ်ကြိမ်သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ အသေခံ ကားဗုံးခွဲမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။