Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောင်ကမ်းလမ်းခွဲပေါ်တွင် ဘယ်ရီဂိတ်ဖွင့်လှစ်ခဲ့သည့်ဖြစ်ရပ် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂) ထုတ်ပြန်

ကာကွယ်ရေးတပ်ပေါင်းစုညီညွတ်စွာခုခံတော်လှန်မှုကြောင့် မေလ ၂၄ ရက်တွင် ဆီမီးလော့ရွာအနီးရှိ စစ်ကောင်စီစစ်ကြောင်း နောက်ဆုတ်ခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်များ စစ်ကောင်စီ
စခန်းကို သိမ်းပိုက်မီးရှို့နိုင်ခဲ့သည်ဟု ဆိုသည်။

ဆောင်ကမ်းလမ်းခွဲ
ဆောင်ကမ်းလမ်းခွဲ

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ဆောင်ကမ်းလမ်းခွဲပေါ်တွင် ဘယ်ရီဂိတ်ဖွင့်လှစ်ခဲ့သည့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလ လတ)အမည်ခံ မောင်ကျော်ဆိုသူ အနေဖြင့် ဖြစ်လာမည့်ကိစ္စအရပ်ရပ်တွင် ၎င်းတွင်သာတာဝန်ရှိကြောင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂) က ယနေ့ အသိပေးထုတ်ပြန်သည်။

မေလ ၁၃ ရက် မှစ၍ ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်နန်းခဲကျေးရွာဘက်မှ ထိုးလာသောစစ်ကြောင်းနှင့် မေလ၁၅ ရက်တွင် မိုးဗြဲဆည်ရေကာတာ တာဘောင် ဆီမီးလော့ကျေးရွာဘက်မှ ထိုးလာသော စစ်ကောင်စီစစ်ကြောင်းနှစ်ခုကို မဟာမိတ်ပူး ပေါင်းအဖွဲ့နှင့်အတူပူးပေါင်းခုခံခဲ့ကြောင်း ကနဦး အသိပေးသည်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေးတပ်ပေါင်းစုညီညွတ်စွာခုခံတော်လှန်မှုကြောင့် မေလ ၂၄ ရက်တွင် ဆီမီးလော့ရွာအနီးရှိ စစ်ကောင်စီစစ်ကြောင်း နောက်ဆုတ်ခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်များ စစ်ကောင်စီ
စခန်းကို သိမ်းပိုက်မီးရှို့နိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဆောင်နန်းခဲကျေးရွာ ဘက်မှထိုးလာသော စစ်ကြောင်းသည် လဟယ်ကျေးရွာအနီး လွယ်မကူးတောင်ပေါ် အခြေပြုကာအနီးဝန်းကျင်ရွာများကို မီးရှို့နေပြီး ပြည်သူ့ကာကွယ်ရေးတပ်များ ယနေ့တိုင်ပူးပေါင်းခုခံလျှက်ရှိကြောင်း ဖော်ပြထားသည်။

ထိုကဲ့သို့သောအခြေအနေမျိုးတွင် ယနေ့(မေ ၂၈ ရက်)၌ (ကလလတ)အမည်ခံ မောင်ကျော်ဆိုသူ ဦးစီးအပေါင်းအပါတစ်စုသည် ရှမ်း – ကယားနယ်စပ် ဖယ်ခုံအင်းအရှေ့ခြမ်း ဘက်သို့သွားရာ ဆောင်ကမ်းလမ်းခွဲပေါ်တွင် စစ်ဘေးဒဏ်ခံနေရသော အင်းရှေ့ခြမ်းပြည်သူလူထု၏ သဘောထားဆန္ဒကိုခံယူခြင်းမရှိဘဲ အများပြည်သူသွားရာလမ်းမပေါ် ဘယ်ရီဂိတ်များချကာ ရည် ရွယ်ချက်ရှိရှိ ဂိတ်လာဖွင့်ခဲ့သည်ဟု တပ်ရင်း(၂)က ပြောသည်။

ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၂) က မြောက်ဘက်တွင် စစ်ကောင်စီတပ်နှင့်ရင်ဆိုင်နေရပြီး တောင်ဘက်ဆောင်ကမ်းလမ်းခွဲတွင် ရည် ရွယ်ချက်ရှိရှိ ဂိတ်ဖွင့်လမ်းပိတ်ခြင်းနှင့်ပတ်သက်၍ အဆိုပါမောင်ကျော်ဆိုသူနှင့်သွားရောက်ညှိနိုင်းခဲ့သော်လည်း ပြေလည်မှုမရခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဂိတ်မဖွင့်မှီ မောင်ကျော်ဆိုသူမှ တပ်ရင်း (၂)ကို အသိပေးခဲ့ခြင်းမရှိသလို အများပြည်သူစိတ်ငြိုငြင်စေရန် လမ်းပေါ် ဘယ်ရီဂိတ်တုံးများပိတ် ဆို့ထားမှု့ကို ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း( ၂) သဘောထားဆန္ဒမပါဝင်ဘဲ ဖြစ်လာမည့်ကိစ္စအရပ်ရပ်အတွက် (ကလလတ) အမည်ခံ မောင်ကျော် ဆိုသူထံတွင်သာ တာဝန်ရှိကြောင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။