ပြည်သူတွေလှူဒါန်းထားတဲ့ ငွေတွေနဲ့ ထုတ်လုပ်နေတဲ့ လက်နက်တွေကို စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အခြေစိုက် Ayadaw Bone NaingPDF အဖွဲ့က ပြည်သူ့ထံ ချပြခဲ့ပါတယ်။
ပြည်သူတွေရဲ့ လှူဒါန်းမှုနဲ့ 5.56 အော်တိုမောင်းပြန်သေနတ်၊ ကိုးလုံးကျည်နဲ့ ပစ်ခတ်နိုင်တဲ့ တူမီးတစ်ထောင့်ထိုး သေနတ်များ၊တစ်ဖက်ပွင့် ပစ်မိုင်းများ၊ ကွဲအားပြင်းမိုင်းများ ထုတ်လုပ်နေတယ်လို့ Ayadaw Bone NaingPDF အဖွဲ့က အသိပေးပါတယ်။

ပြည်သူတွေရဲ့ ကူညီမှုနဲ့ တော်လှန်ရေးအရှိန်အဟုန်မြှင့်တင်ပြီး ခံစစ်အနေအထားကနေ ထိုးစစ်ကို ဦးတည်မယ်လို့ Ayadaw Bone NaingPDF အဖွဲ့က ပြောပါတယ်။
စိုးမိုးနယ်မြေကနေ ထိန်းချုပ်နယ်မြေရသည်အထိ၊ စစ်အာဏာရှင်စနစ်ကနေ ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Ayadaw Bone NaingPDF အဖွဲ့က အသိပေးပါတယ်။

Public Service Announcement


ရှေ့ဆက်ထုတ်လုပ်နိုင်ဖို့ ပြည်သူတွေရဲ့ ပံ့ပိုးမှုလိုအပ်နေပြီးဆက်၍လည်း တတ်နိုင်သလောက် လှူဒါန်းကူညီအားဖြည့်ပေးဖို့ A.B.N PDFက မေတ္တာရပ်ခံပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက PDF အဖွဲ့အချို့ဟာ ကိုယ်ပိုင်လက်နက်တွေထုတ်လုပ်ပြီး တခြားအဖွဲ့တွေကို ပြန်လည်ဝေမျှရောင်းချပေးတာတွေ၊ ရတဲ့ငွေနဲ့ မီးရှို့ခံရလို့ ထွက်ပြေးတိမ်းရှောင်ရတဲ့ပြည်သူတွေကို လှူဒါန်းတာတွေ ပြုလုပ်နေကြပါတယ်။


















































