Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ငူခရိုင်ထဲ ဘော်ဒါဆောင်နဲ့ ကျောင်းအဆောင်သစ် တွေလိုအပ်နေ

ဒီလိုကျောင်းသားများပြားလာခဲ့တာကြောင့် ခရိုင်တခုလုံးရဲ့ ပညာရေးလုပ်ငန်းတွေမှာ အဆောက် အဦးလိုအပ်ချက်၊ ဆရာဆရာမလိုအပ်ချက်၊ သင်ထောက်ကူလိုအပ်ချက်၊ ဖတ်စာအုပ်ရရှိရေး လိုအပ်ချက် များစွာရှိနေပြီး တောအူးခရိုင် KECD တာဝန်ခံထံကနေ သိရပါတယ်။

တောင်ငူခရိုင်ထဲ ဘော်ဒါဆောင်နဲ့ ကျောင်းအဆောင်သစ် တွေလိုအပ်နေ
တောင်ငူခရိုင်ထဲ ဘော်ဒါဆောင်နဲ့ ကျောင်းအဆောင်သစ် တွေလိုအပ်နေ

ကေအဲန်ယူ-တောအူး(တောင်ငူ)ခရိုင်အတွင်းရှိ ကရင်လူထုမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းနဲ့ ဂျူနီယာကောလိပ်ကျောင်းတွေမှာ ကျောင်းသားကျောင်းသူဦးရေ အရင်နှစ်ကထက် ပိုများလာလို့ ဘော်ဒါဆောင်နဲ့ ကျောင်းဆောင်သစ်တွေ အများအပြားလိုအပ်နေတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

တောအူးခရိုင်အတွင်းရှိ ကရင်လူထုမူလတန်းကျောင်း အလယ်တန်းကျောင်း အထက်တန်းကျောင်းနဲ့ ဂျူနီယာကောလိပ်ကျောင်းမှာ ကျောင်းသားကျောင်းသူဦးရေဟာ အရင်နှစ်ကထက် ၁ ဆခန့်များပြားလာတာကြောင့် ကျောင်းသူကျောင်သားတွေနေထိုင်ရာ ဘော်ဒါဆောင်တွေနဲ့ စာသင်ဖို့ ကျောင်းဆောင်သစ်တွေ အလွန်လိုအပ်နေတယ်လို့ တာဝန်ရှိသူတွေထံကနေ သိရှိရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တောင်ငူခရိုင်ထဲ ဘော်ဒါဆောင်နဲ့ ကျောင်းအဆောင်သစ် တွေလိုအပ်နေ
တောင်ငူခရိုင်ထဲ ဘော်ဒါဆောင်နဲ့ ကျောင်းအဆောင်သစ် တွေလိုအပ်နေ

တောအူးခရိုင် တပ်မဟာ(၂)နယ်မြေအတွင်းက ကျေးရွာအဆင့်မှာ ကေအဲန်ယူ ပညာရေးနဲ့ယဉ်ကျေးမှုဌာန(KECD)လက်အောက်ခံ မူလတန်းအဆင့်ကျောင်းတွေဖွင့်လှစ်ပြီး ခရိုင်အဆင့် ထိုလွီဝါးကရင်လူထုအထက်တန်းကျောင်းမှာတော့ မနှစ်က ကျောင်းသားဦးရေ (၇၅၀)ကျော်ရှိခဲ့ပြီး ဘော်ဒါဆောင်နေကျောင်းသားဦးရေ (၃၀၀) ဝန်းကျင်ခန့်သာရှိခဲ့တာပါ။

ဒါပေမဲ့ ဒီနှစ်ပညာသင်နှစ်ထဲမှာတော့ ကျောင်းသားဦးရေ စုစုပေါင်း (၁၃၀၀)ကျော်ရှိပြီး ဘော်ဒါဆောင်နေ ကျောင်းသားပေါင်း (၅၀၀)ကျော်အထိ များပြားလာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒေါ်ဖခို(သံတောင်ကြီး)မြို့နယ် ဆာသူးလေ ကရင်လူထုအထက်တန်းကျောင်းမှာ မနှစ်က ကျောင်းသားဦးရေ (၁၆၀)ကျော်သာရှိခဲ့ပေမယ့် ဒီနှစ်ထဲမှာတော့ ကျောင်းသားဦးရေ (၄၃၀)ကျော်အထိ များပြားလာခဲ့သလို ထောတထူ(ထန်းတပင်)မြို့နယ်က လယ်ထောဒို ကရင်လူထုအထက်တန်းကျောင်းမှာကျောင်းသားဦးရေ (၂၂၀) ကျော်၊ ဆာသောသီကရင်လူထုအထက်တန်းကျောင်းမှာ ကျောင်းသားဦးရေ (၁၆၀) အထိ များပြားလာခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ဒီလိုကျောင်းသားများပြားလာခဲ့တာကြောင့် ခရိုင်တခုလုံးရဲ့ ပညာရေးလုပ်ငန်းတွေမှာ အဆောက် အဦးလိုအပ်ချက်၊ ဆရာဆရာမလိုအပ်ချက်၊ သင်ထောက်ကူလိုအပ်ချက်၊ ဖတ်စာအုပ်ရရှိရေး လိုအပ်ချက် များစွာရှိနေပြီး တောအူးခရိုင် KECD တာဝန်ခံထံကနေ သိရပါတယ်။

တောင်ငူခရိုင်ထဲ ဘော်ဒါဆောင်နဲ့ ကျောင်းအဆောင်သစ် တွေလိုအပ်နေ
တောင်ငူခရိုင်ထဲ ဘော်ဒါဆောင်နဲ့ ကျောင်းအဆောင်သစ် တွေလိုအပ်နေ

“ကျွန်တော်တို့ လူထုတွေကိုပေးဆပ်ချင်တဲ့ပညာရေးက အခမဲ့ပညာရေးဖြစ်ပေမယ့် ရရှိလာတဲ့ ပညာရေးရံပုံငွေတွေကို စီမံခန့်ခွဲတဲ့အခါ ဆရာ ဆရာမတွေကို ထောက်ပံ့ကြေးပေးတာ ဖတ်စာအုပ်တွေပေးတာ သင်ထောက်ကူပစ္စည်းတွေပေးတဲ့နေရာတွေမှာ စိန်ခေါ်မှုအများကြီးရှိပါတယ်။ အဲ့ဒီထက်ကိုပိုပြီးတော့ တောင်ငူခရိုင်တခရိုင်လုံးမှာ ကျောင်းအဆောက်အဦးလိုအပ်ချက်တွေက တပုံကြီးပါဘဲ။ ဒီလို လိုအပ်ချက်တွေကြောင့် ကျွန်တော်တို့ရဲ့မျိုးဆက်သစ်တွေအတွက်ကျွန်တော်တို့ရဲ့ ရည်မှန်း ချက်တွေကို စွန့်လွတ်လို့မရပါဘူး။ ဒါကြောင့် ကျောင်းသားမိဘတွေရဲ့ရုန်းကန်ဖေးမမှု ကေအဲန်ယူဗဟိုနဲ့ ဗဟို ပညာရေးနှင့် ယဉ်ကျေးမှုဌာနရဲ့ အားပေးထောက်ပံ့မှု၊ ခရိုင်ရဲ့ ဦးဆောင်ပေးမှုနဲ့ မြို့နယ်နဲ့ ကျေးရွာတွေရဲ့ အားကြိုးမာန်တက် အတူတကွ ပါဝင်မှုတွေက ကျွန်တော်တို့ ရှေ့ဆက်ကြိုးစားဖို့ ၁၀၀ ရာခိုင်နှုန်းအား ဖြစ်စေတာ ကတော့ အသေအချာပါပဲ” လို့ တောအူးခရိုင် KECD တာဝန်ခံစောဟဲစိုးက ပြောပါတယ်။

တောင်ငူခရိုင်ထဲ ဘော်ဒါဆောင်နဲ့ ကျောင်းအဆောင်သစ် တွေလိုအပ်နေ
တောင်ငူခရိုင်ထဲ ဘော်ဒါဆောင်နဲ့ ကျောင်းအဆောင်သစ် တွေလိုအပ်နေ

တောအူးခရိုင်ဥက္ကဌ ပဒိုစောအယ်ဝါးကတော့ “ကျွန်တော်တို့ရဲ့ အဓိကလုပ်ဆောင်ရမယ့်အရာတွေကို တတ်နိုင်သလောက် လုပ်ဆောင်သွားမှာဖြစ်ပြီး ပျက်စီးခြင်း အဖျက်စီးခံရခြင်းတို့က ပျက်စီးအောင်လုပ်စေမယ့် ဖျက်စီးမယ့်သူတို့ရဲ့သမိုင်းဖြစ်ပြီး ကျွန်တော်တို့ကရင်လူထုတွေသည် ဘယ်လိုဘဝ ဘယ်လိုဒုက္ခခံစားရပါစေ ပညာရေးကို ကြိုးစားတည်ဆောက်ပြီး ပညာသင်ကြားရေးကို အထူးပဲလိုလားတဲ့ လူတွေဆိုတာ သမိုင်းမှာကျန်ခဲ့မှာပါ။ မဆလ နဝတ နအဖခေတ် ကေအဲန်ယူ တောင်ငူခရိုင်-တပ်မဟာ(၂)မှာ အုပ်ချုပ်ရေးတည်ဆောက်လို့မရနိုင်လောက်အောင် ထိုးစစ်တွေ အကြီးအကျယ်ဆင်ခဲ့တဲ့အချိန်တွေတုန်းကတောင် ကျွန်တော်တို့ ကရင့်အမျိုးသားပညာရေးကို ကြိုးစားတည်ဆောက်ခဲ့တယ်။ ကျောင်းတွေ မီးရှို့ဖျက်စီးခံရပြီး ပြေးလွှားပုန်းရှောင်ရတာကတော့ တပိုင်းပေါ့” ပြောသွားပါတယ်။

ဒီနှစ် ပညာသင်နှစ် ၂၀၂၂-၂၃ ခုနှစ်အတွင်း တောအူးခရိုင်အတွင်းမှာ ဆရာ ဆရာမနဲ့ ကျောင်းသူကျောင်းသားစာရင်းတွေကို အတည်ပြုလို့မရသေးပဲ စာရင်းတွေကောက်ယူနေတုန်းပဲလို့ ခရိုင် KECD တာဝန်ခံဖြစ်သူ စောဟဲစိုးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရဲတပ်သားများစွမ်းရည်တိုးတက်ရန် သင်တန်းများစွာလိုအပ်သေးကြောင်းနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့အင်အား ထပ်မံတိုးချဲ့နိုင်ရန်လည်းလိုအပ်ကြောင်း ခရိုင်ရဲမှူးက ပြောကြားခဲ့သည်။

သတင်း

စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသော အကျဥ်းသား(၁၀)ဦး ယမန်နေ့(မေ ၁၈)တွင် တောင်ငူအကျဥ်းထောင်မှတဆင့် ရုံးထုတ်စဥ် လုံခြုံ ရေးလိုက်ပါလာသော ရဲနှင့်စစ်သားများအားခုခံ၍ သေနတ်များပါ လုယူနိုင်ခဲ့ကာ အကျဥ်းသားများ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

(၄၅)မိနစ်ခန့်ကြာတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ အရာရှိ(၁)ဦးအပါအဝင်(၆)ဦး သေဆုံးခဲ့ပြီး (၁၂)ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ​ပဲခူးခရိုင်PDF ကထုတ်ပြန်သည်။PDFများမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၁၃ရက်) နံနက်တွင် နတ်တလင်းမြို့နယ် ညောင်လေးပင်ရွာ နှင့် ကြက်မနက် ရွာကြား၌ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။