Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ရေး လှုပ်ရှားဆောင်ရွက်မှုများရှိပါက သတင်းပေးတိုင်ကြားရန် ဂန့်ဂေါ(ပအဖ)ကြေညာ

အကြမ်းဖက်စစ်ကောင်စီ၏ တရားမ၀င်ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေမှုများကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လုံးဝလက် သင့်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပြီး

တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ရေး လှုပ်ရှားဆောင်ရွက်မှုများရှိပါက သတင်းပေးတိုင်ကြားရန် ဂန့်ဂေါ(ပအဖ)ကြေညာ
တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ရေး လှုပ်ရှားဆောင်ရွက်မှုများရှိပါက သတင်းပေးတိုင်ကြားရန် ဂန့်ဂေါ(ပအဖ)ကြေညာ

အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ အုပ်ချုပ် ရေးအဖွဲ့များ၊ ဝန်ထမ်းများက တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ရေး လှုပ်ရှားဆောင်ရွက်မှုများရှိပါက သတင်းပေးတိုင်ကြားရန် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီမှ ၂၀၂၃ အတွင်း တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် စစ်ကောင်စီလက်ပါးစေအုပ်ချုပ် ရေးအဖွဲ့များ သန်းခေါင်စာရင်းနှင့် မဲစာရင်းများ ကောက်ခံရန် ကြိုးစားဆောင်ရွက်နေခြင်းနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ တရားမ၀င်ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေမှုများကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လုံးဝလက် သင့်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဂန့်ဂေါမြို့နယ်တွင်း ပြည်သူများသိရှိနိုင်ရန် အချက်များကို အသိပေးခဲ့သည်။

Public Service Announcement
Public Service Announcement

ဂန့်ဂေါမြို့နယ် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ သန်းခေါင်စာရင်းနှင့်စာရင်း ကောက်ခံခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်းမပြုရန် အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကြေညာချက်ပါ အချက်များကို လိုက်နာခြင်းမရှိဘဲ စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲလုပ် ငန်းများတွင် ပါဝင်ကူညီနေသည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ၊ စစ်ကောင်စီလက်ပါးစေအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ပြင်းထန်ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ အခြေအနေအရ မျက်နှာသစ် သမ္မတတစ်ဦး ထွက်ပေါ်လာမှာ မဟုတ်ကြောင်း သေချာသွားစေခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

နိုင်ငံတကာ

ဂန်ဂျာရဲ့ အဖွဲ့ကတော့ ရွေးကောက်ပွဲမှာ စနစ်တကျ ကျူးလွန်တဲ့ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲအတွက် လူကြိုက်အများဆုံး ရေပန်းစားသူ တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် တားမြစ် ခံထားရပြီး သူက နိုင်ငံရေးအရ လုပ်ကြံတာလို့ စွပ်စွဲခဲ့တဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။