Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းနယ်ရှိ တောင်ဦးနှင့် တောင်ဘို့လှ စစ်ကောင်စီစခန်းနှစ်ခုကို KIA/PDF သိမ်းပိုက်ဟု ဒေသခံပြော

“လက်နက်ခဲယမ်းတွေလည်းရတယ်။ လက်နက် တွေလည်းရတယ်။ လက်ပစ်ဗုံးတွေလည်းရတယ်။ စာရင်းအတိအကျတော့ မသိသေးဘူး” ဟု ဒေသခံက ပြောသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဟုမ္မလင်း PDF)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဟုမ္မလင်း PDF)

▪️စစ်ကောင်စီနှင့် ရှမ်းနီ ပူးပေါင်းတပ်မှ သေဆုံးထိခိုက်များပြီး လက်နက်ခဲယမ်းများရဟုဆို

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီနှင့် ရှမ်းနီတပ်(SNA) ပူးပေါင်းစခန်း နှစ်ခုကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က ယနေ့ နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဟုမ္မလင်း နောင်ပိုအောင်ဘက်မှာ ဒီနေ့ မနက် ၄နာရီကနေ ၇နာရီ ၅၀အထိ ထိတွေ့မှု တိုက်ပွဲဖြစ်တယ်။ နောင်ပိုအောင် နောက်ကြော တောင်ဦးနဲ့ တောင်ဘို့လှ စခန်းလို့ ခေါ်တယ်။ SNAနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းစခန်း အဲဒီစခန်းတွေကို PDFနဲ့ KIAက သိမ်းပိုက်နိုင်လိုက်ပြီ။ စခန်း နှစ်ခုကို သိမ်းပိုက်နိုင်လိုက်ပြီ”ဟု ၎င်းက ဆိုသည်။

အခြားဒေသခံတစ်ဦးကလည်း စစ်ကောင်စီတပ်စခန်းသိမ်းပိုက်ခံရသည့် သတင်းကို ကြားရကြောင်း ပြောသည်။

“လက်နက်ခဲယမ်းတွေလည်းရတယ်။ လက်နက် တွေလည်းရတယ်။ လက်ပစ်ဗုံးတွေလည်းရတယ်။ စာရင်းအတိအကျတော့ မသိသေးဘူး” ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုအတွင်း KIA/PDF ပူးပေါင်းတပ်ဘက်က ထိခိုက်မှုမရှိကြောင်း၊ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများသည်ဟု ကြားရကြောင်း ဒေသခံက ပြောသည်။

“ဟိုဘက်က အကျအဆုံးက ၃၅ယောက်လောက် ကျမယ်”ဟု ဒေသခံက ပြောသည်။

ယမန်နေ့ (မေလ ၃ရက်)ကလည်း ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA/PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံက ပြောကြားခဲ့သော်လည်း အသေးစိတ်အခြေအနေကို မသိရသေးပေ။

ဟုမ္မလင်းနယ်ရှိ စစ်ကောင်စီတပ်စခန်းများသိမ်းပိုက်မှုနှင့်ပတ်သက်ပြီး KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနှင့် ဟုမ္မလင်း PDF တာဝန်ရှိသူ အချို့ထံမေးမြန်းရန် ယနေ့နံနက်ပိုင်း၌ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ဒီကနေ့ အောက်တိုဘာ ၇ရက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ