Connect with us

Hi, what are you looking for?

သတင်း

မြန်မာအပါအဝင် စစ်ဘေးသင့် နိုင်ငံတွေရဲ့ ပြည်သူတွေအတွက် ရည်ရွယ်ပြီး ပုပ်ရဟန်းမင်းကြီး ဆုတောင်းပေး

ဗာတီကန် နန်းတော်ရဲ့ ပုံမှန် တနင်္ဂနွေ ဝတ်ပြုဆုတောင်းမှု အစီအစဉ်မှာ ပုပ်ရဟန်းမင်းကြီးဟာ မြန်မာအပါအဝင် စစ်ဘေးသင့် နိုင်ငံတွေရဲ့ ပြည်သူတွေအတွက် ရည်ရွယ်ပြီး ဆုတောင်းပေးသွားခဲ့ပါတယ်။

မြန်မာအပါအဝင် စစ်ဘေးသင့် နိုင်ငံတွေရဲ့ ပြည်သူတွေအတွက် ရည်ရွယ်ပြီး ပုပ်ရဟန်းမင်းကြီး ဆုတောင်းပေး
မြန်မာအပါအဝင် စစ်ဘေးသင့် နိုင်ငံတွေရဲ့ ပြည်သူတွေအတွက် ရည်ရွယ်ပြီး ပုပ်ရဟန်းမင်းကြီး ဆုတောင်းပေး

People’s Spring

ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးက မြန်မာ၊ ယူကရိန်း၊ ပါလက်စတိုင်း၊ အစ္စရေး၊ လက်ဘနွန်နဲ့ ဆူဒန်တို့မှာ စစ်ရဲ့ ဆိုးကျိုးတွေကို ခံစားနေရသူတိုင်းအတွက် ကမ္ဘာကြီးက မမေ့လျော့ကြဖို့လည်း တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပဋိပက္ခတွေရဲ့ ဆိုးကျိုးကို ပိုပြီး ပြင်းပြင်းထန်ထန် သက်ရောက် ခံစားရနိုင်တဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းသူတွေ၊ ရိုဟင်ဂျာ အနွယ်တွေ အပါအဝင် ဒုက္ခသည်တွေရဲ့ နာကျင်ခံစားရမှုတွေကို အလေးထား သတိရပေးဖို့ ဝတ်ပြုသူတွေကို ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က တောင်းဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၂၄ ရက်က ဆုတောင်းပွဲ အခမ်းအနားမှာ ပုပ်ရဟန်းမင်းကြီးဟာ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ အမျိုးသားနေ့ကိုလည်း ထည့်သွင်း ရည်ညွှန်းသွားခဲ့ပါတယ်။ အဲဒီနေ့ဟာ မြန်မာနိုင်ငံကို လွတ်လပ်ရေး လမ်းကြောင်းဆီ ပို့ဆောင်ပေးမယ့် ကနဦး လှုပ်ရှားမှု တစ်ခုဖြစ်တဲ့ ၁၉၂၀ ပြည့်နှစ်၊ ပထမအကြိမ် တက္ကသိုလ်ကျောင်းသား သပိတ်ကို ဂုဏ်ပြုထားတာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ငြိမ်းချမ်းပြီး ဒီမိုကရေစီ ပြည့်ဝတဲ့ အလားအလာမျိုးကို မြန်မာပြည်သူတွေ ပိုင်ဆိုင်လာဖို့ကတော့ မျက်မှောက်ကာလထိ ရုန်းကန် ကြိုးစားနေရဆဲဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ မြန်မာပြည်သူ တစ်ရပ်လုံးအတွက် ကရုဏာထား စာနာသလို အထူးသဖြင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းသူတွေနဲ့ ရိုဟင်ဂျာတွေ အပါအဝင် ဒုက္ခသည်တွေအတွက် ပိုပြီး အလေးထား တွေးတောမိကြောင်း၊ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအားလုံး လက်နက်တွေကို ချထားခဲ့ပြီး ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေဖို့ စစ်မှန်လေးနက်တဲ့၊ အားလုံး ပါဝင်နိုင်တဲ့ ဆွေးနွေးမှုဆီ ဦးတည်ကြဖို့လည်း လှိုက်လှိုက်လှဲလှဲ တောင်းဆိုလိုကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသွားပါတယ်။

မြန်မာနည်းတူ တခြားစစ်ဒဏ်ခံ နိုင်ငံတွေ၊ ဒေသတွေဖြစ်တဲ့ ယူကရိန်း၊ ပါလက်စတိုင်း၊ အစ္စရေး၊ လက်ဘနွန်နဲ့ ဆူဒန်တို့ကိုလည်း မမေ့လျော့ဘဲ ပြည်သူတွေအတွက် ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း မေတ္တာရပ်ခံသွားခဲ့ပါတယ်။

ကိုးကား- Vatican News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်တစ်ဆုပ်စာလောက် အာဏာရှင် တစ်စုက ကမ္ဘာကြီးကို ဒုက္ခပေးနေကြောင်း ပုပ်ရဟန်းမင်းကြီး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ထားတဲ့ စစ်ပွဲတွေမှာ ဘုရားသခင်ရဲ့ နာမတော်ကို အသုံးချနေတာဟာ မလျော်ကန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့ပါတယ်။ ဘုရားသခင်ဟာ ဘယ်လို စစ်ရေး ပဋိပက္ခကိုမှ ကောင်းချီးမပေးဘူးလို့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးက လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကို ဗဟိုပြုပြီး အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အမြန်ဆုံး အပစ်အခတ် ရပ်စဲကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

သတင်း

ပုပ်ရဟန်းမင်းကြီးဘဝ ပထမဆုံး ခရစ္စမတ် ဩဝါဒနဲ့ ကောင်းချီးပေးမှုမှာတော့ ပုပ်လီယိုဟာ ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ရပ်စဲရေး ဆွေးနွေးနိုင်ဖို့ကို အလေးအနက် ထည့်သွင်း တောင်းဆိုသွားခဲ့ပါတယ်။