ဇူလိုင်-၁၉၊၂၀၂၅။သတိုး/People’s Spring
ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၈) ကြိမ်မြောက် အာဇာနည်နေ့တွင် အာဇာနည် ကိုးဦးနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးအတွက် အသက်ပေးသူများအပါအဝင် နွေဦးတော်လှန်ရေးတွင် အသက်ပေးသူများအတွက် အောက်မေ့ဖွယ်အခမ်းအနားကို တောတွင်းတစ်နေရာ၌ ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားကို တောင်ပိုင်းတိုင်းစစ်ဒေသ FFDF ဒရုန်းနည်းပညာ၊တိုက်ခိုက်ရေးတပ်ဖွဲ့ ၊ ဗီနွန်စစ်ကြောင်း ဒုစစ်ကြောင်းမှူးအပါအဝင် ရဲဘော်များ ၊ အခြားမဟာမိတ်တပ်ဖွဲ့ များ မှ အလေးပြုခြင်း၊ဂုဏ်ပြုခြင်း၊ဦးညွတ်ဂါဝရပြုခြင်းများ ဆောင်ရွက်ခဲ့သည်။
ဓာတ်ပုံ -ကိုကျော်မင်း၊ အေအေစီရဲမင်း(တောင်ပိုင်းတိုင်းအညတရထောက်ပို့)

Public Service Announcement





































































