Connect with us

Hi, what are you looking for?

အတွေးအမြင်

​တော်လှန်​ရေးကိုပဲအာရုံစိုက်ကြရ​အောင်

မင်းတို့ရဲ့ကျဆုံးသတင်းတွေမကြာခဏတက်လာတော့ဘယ်သူမွေးမွေးငါတို့သွေးသားတွေပါဆိုတဲ့ပြည်သူများထပ်ခါထပ်ခါ ရင်ကွဲနေကြပြီ။ အောင်ပွဲသတင်း​များကိုသာ​မျော်​လင့် နေကြတဲ့ပြည်သူများအတွက် ငါ့ညီတို့ ဂရုစိုက်ကြပါကွာ။

KIA နဲ့မဟာမိတ်တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-Gidawn Brang
KIA နဲ့မဟာမိတ်တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-Gidawn Brang

Gidawn Brang

တော်လှန်ရေးဆိုတာစိတ်လောလို့မရဘူး။ကလဲ့စားချေလို့တဲ့စိတ်တစ်ခုတည်းနဲ့စိတ်လိုက်မာန်ပါလုပ်လို့မရဘူး။အကွက်တစ်ကွက်ရွေ့မှားတာနဲ့အသက်ပေါင်းများစွာစတေးသွားရမယ်။

အားမနာတမ်းပြောရမယ်ဆိုရင် ပြည်မဘက်ကPDF ခေါင်းဆောင်အချို့တော်လှန်ရေးကို Picnic ထွက်သလိုခေါ်လုပ်နေကြတာတွေ့ရတယ်။ဗျူဟာမဲ့ ရှေးတန်းခေါ်ထွက်တယ်။လမ်းခုလတ်မှာလက်နက်နှင့်တစ်ကွ ဖမ်းခံရသူတွေများလာတယ်။ အသတ်ခံရသူ​တွေများလာတယ်။
စစ်၏သဘော သဘာဝရင့်ကျက်မှု အတွေ့အကြုံကနုနယ် သေးလို့ဆိုတာကိုနားလည်ပေမဲ့ အသက်တွေက အပိုမပါဘူး။

နောက်ပြီး PDFများကိုသနားစိတ် ချစ်တဲ့စိတ်များဖြင့် ပို့ပေးသော အလှူငွေများ အသုံးအဆောင်များကို စည်းမဲ့ကမ်းမဲ့ သုံးဖြုန်းကြတယ်။အားလုံးကိုဆိုလိုတာမဟုတ်ပေမဲ့ အချိူ့ PDF ခေါင်းဆောင်များမလုပ်သင့်တာ​​တွေကို မလုပ်ဖို့ ပြည်သူများ၏ချွေးနည်းစာများကို တန်ဖိုးထားတတ်ဖို့ မေတ္တာဖြင့်သတိပေးလိုပါတယ်။

Popular ဖြစ်ချင်တယ်။တော်လှန်ရေးလုပ်တာကိုအခွင့်ကောင်းယူပြီးကြွားဝါချင်စိတ်များနေကြတယ်။မိမိတို့သူငယ်ချင်းများနှင့်မိသားစုဝင် များကိုကျွန်တော်တို့ဒီမှာရှိတယ်၊ဟိုမှာနေတယ်ဓာတ်ပုံတွေပို့တယ်။ပြောသင့်မပြောသင့်သတင်းပေါင်းစုံပြောတယ်။ ဘယ်သူ့ကိုမှမပြောနဲ့နော် မင်းတို့ဘဲသိပါစေ…ဆိုရာကနေရန်သူများတည်နေရာအတိအကျသိရှိသွားကာမမျော်လင့်ထားတဲ့အချိန် စခများရောက်လာကာ အသက်ဆုံးရှုံးသွား သော PDFများလည်းမနည်းတော့ဘူး။

Public Service Announcement

Public Service Announcement

မနေနိုင်လွန်းလို့​အမုန်းခံပြီးပြောဗျစေ။

“ကျေးဇူးပြုပြီးတော်လှန်ရေးကိုအထူးသတိပြုကာအာရုံစိုက်ရအောင်။ စိတ်ဓာတ်တွေရိုးသားကြရအောင်။ပြည်သူများ၏စေတနာမေတ္တာများကိုတန်ဖိုးထားကြရအောင်။တော်လှန်ရေးကိုထိခိုက်နစ်နာစေမည့်အရာအားလုံးကိုအထူးရှောင်ရှားကြရအောင် စားသတိ သွားသတိနဲ့သိုသိပ်စွာလုပ်ဆောင်တတ်ဖို့အင်မတန်အ​ရေးကြီး​​သောကာလပါ။အသက်တွေမသေသင့်ဘဲသေနေရတာဘယ်သူကြောင့်လဲ။ စခတွေကြောင့်ဆိုပေမဲ့ကျွန်တော်တို့ရဲ့ပေါ့လျော့မှုတွေလည်းအများကြီးပါနေတယ်။”

မင်းတို့ရဲ့ကျဆုံးသတင်းတွေမကြာခဏတက်လာတော့ဘယ်သူမွေးမွေးငါတို့သွေးသားတွေပါဆိုတဲ့ပြည်သူများထပ်ခါထပ်ခါ ရင်ကွဲနေကြပြီ။ အောင်ပွဲသတင်း​များကိုသာ​မျော်​လင့် နေကြတဲ့ပြည်သူများအတွက် ငါ့ညီတို့ ဂရုစိုက်ကြပါကွာ။

တော်လှန်ရေးအပြီးထိမင်းတို့​တွေ ရှင်သန်နေဖို့စေတနာကြီးစွာဖြင့်ဤစာအားရေးလိုက်ရပါတယ်။

(​ဆောင်းပါးရှင် Gidawn Brang ဟာကချင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး​​တော့ ​နွေဦး​​တော်လှန်​ရေးမှာ စစ်​ရေး၊ နိုင်ငံ​ရေးနဲ့ပတ်သပ်တဲ့ဆောင်းပါး​တွေကို​ရေးသားအကြံပြု​နေသူတစ်ဦးဖြစ်ပါတယ်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။