Connect with us

Hi, what are you looking for?

ဗီဒီယို

ရန်ကုန်လူငယ်များရဲ့ ပျောက်ကြားသပိတ်

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဆန္ဒပြလူငယ်များအားဖမ်းဆီးမှုများရှိနေသော်လည်း ရန်ကုန်မြို့ ဗဟန်းမြို့နယ် နန္ဒဝန်လမ်းတွင် ယနေ့ (ဇွန်လ ၂၅ ရက်) နံနက်ပိုင်းက လူငယ်များစု​ပေါင်း၍ စစ်အာဏာရှင် ဖြုတ်ချရေး ပျောက်ကြားသပိတ်ဖြင့် ချီတက်ဆန္ဒပြကြခဲ့သည်။

ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ် ၁၀၀ခန့် ပူးပေါင်းပါဝင်ခဲ့ပြီး ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် ဒီမ်ိုကရေစီ ရရှိစေရေး ကြွေးကြော်ကာ နန္ဒဝန်လမ်းအတိုင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၄၅ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တွေ ဒီကနေ့ (ဖေဖော်ဝါရီ ၈ရက်)မှာ အသီးသီးချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂၉)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးက ခရီးသည်တင်ယာဥ်တွေဆိုက်ပြီး အနားယူချိန်ဆို ယာဥ်မောင်းအချင်းချင်း နှုတ်ဆက်တဲ့စကားက "ဒီနေ့ပါသေးလား"ဆိုတဲ့ စကားတောင် ဖြစ်နေပြီလို့​ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် အလုံးအရင်း ပြည်သူ့ဘက်ပါဝင်လာရေး တွန်းတွန်းတိုက်တိုက် ကြိုးစားရန် လိုအပ်ဟု ပြော