Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်​ကောင်စီ​အောက်က ​ဆေးရုံ​တွေမှာ ကိုဗစ်လူနာ​တွေကို ဘယ်လိုကုသ​ပေး​နေလဲ

၂ မိနစ် ၅၄ စက္ကန့်ကြာတဲ့ ဒီဗီဒီယိုင်ဖိုင်မှာ ပိုး​တွေ့လူနာ​ ၆ ဦးကို​ကြေညာတာ​တွေ့ရပြီး ပိုးတွေ့လူနာ​တွေကို ​ဆေးရုံကကျန်းမာ​ရေး​စောင့်​ရှောက်မှု ဘာမှမ​ပေးဘဲ အ​ဖြေ​ပြောပြီးအိမ်ကိုပြန်ခိုင်းတာကို​တွေ့ရပါတယ်။

ပခုက္ကူမြို့မှာ ဒီ​နေ့ (ဇူလိုင် ၁၂ ရက်) စည်ပင်သာယာဝန်ထမ်း​တွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ၊ရှိမရှိ စစ်​ဆေး​ပေးပြီး ပိုး​တွေ့တဲ့သူတွေကို အိမ်ပြန်ခိုင်းကာ မိမိဘာသာကျန်းမာ​ရေး​စောင့်​ရှောက်မှုလုပ်ကြဖို့ ကျန်းမာ​ရေးဝန်ထမ်း​တွေက ​ပြော​နေတဲ့ ဗီဒီယိုဖိုင် ​ဖေစ်ဘွတ်ခ်လူမှုကွန်ရက် မှာပျံ့နှံလာပါတယ်။

၂ မိနစ် ၅၄ စက္ကန့်ကြာတဲ့ ဒီဗီဒီယိုင်ဖိုင်မှာ ပိုး​တွေ့လူနာ​ ၆ ဦးကို​ကြေညာတာ​တွေ့ရပြီး ပိုးတွေ့လူနာ​တွေကို ​ဆေးရုံကကျန်းမာ​ရေး​စောင့်​ရှောက်မှု ဘာမှမ​ပေးဘဲ အ​ဖြေ​ပြောပြီးအိမ်ကိုပြန်ခိုင်းတာကို​တွေ့ရပါတယ်။

လမ်းမှာဘယ်မှမဝင်ဘဲအိမ်ကိုတန်းပြန်ဖို့ ၊အိမ်မှာ အခြား လူ​တွေနဲ့မထိတွေဖို့ ၊​ဆေးဝယ်​သောက်ပြီး ကျန်းမာ​အောင်​နေထိုင်စား​​သောက်ဖို့ပဲမှာပြီးအိမ်ကိုပြန်လွှတ်တာ​တွေ့ရပါတယ်။

ပိုး​တွေ့လူနာ​တွေထဲမှာ က​လေးက က​လေး​ဆေးရုံကိုတင်ထားရတဲ့မိဘ နှစ်ဦးလုံးပိုး​တွေ့တယ်လို့အ​ဖြေထွက်လို့ ​သောက​ပွေ​နေတဲ့မိဘနှစ်​ယောက်ကိုလည်း​တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်​ကောင်စီရဲ့လက်​အောက်မှာ ကူးစက်မြန်ကမ္ဘာ့ကပ်​ရောဂါကို ရင်ဆိုင်ရ​နေရတဲ့အခါ ကျန်းမာ​ရေး​စောင့်​ရှောက်မှု ကစဥ်ကလျားနဲ့ ပြည်သူ​တွေဘဒုက္ခကြီး​နေတာကို ဒီရုပ်သံဖိုင်ကတစ်စိတ်တစ်ပိုင်းပြသ​နေပါတယ်။

ကိုဗစ်တတိယလှိုင်းမှာ အာဏာသိမ်းစစ်​ကောင်စီရဲ့စီမံခန့်ခွဲနိုင်စွမ်းမရှိတာ ၊ပြည်သူ​တွေအ​ပေါ်​စေတနာမရှိတာ ​ကြောင့် ​နေ့စဥ် ပိုးကူးစက်ခံရသူအလွန်များများ​နေပြီး​ တန်ဖိုးရှိလှတဲ့ လူ့အသက်​တွေ ​နေစဥ်စံချိန်တင်​သေဆုံး​နေရပြီး ပြည်သူ​တွေက ကိုယ့်အားကိုယ်ကိုးပြီး ကပ်​ရောဂါကိုရင်ဆိုင်​နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။