Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ကောင်စီက စစ်​လေယာဥ်​ထောက်လှမ်းမှု​တွေထိပါ လုပ်​နေတယ်လို့ KNU တပ်မဟာ (၅) ​ပြော

ဇူလိုင် ၂၃ရက်နောက်ပိုင်းမှာ စစ်ကောင်စီက ဖာပွန်ခရိုင်အတွင်း တပ်နေရာ ၃ ခု ထပ်တိုးချထားကြောင်း၊ ဩဂုတ် ၃ ရက်နဲ့ ၄ ရက်တွေမှာ စစ်လေယာဉ်နဲ့ လာရောက် ထောက်လှမ်းခဲ့ကြောင်း KNU တပ်မဟာ (၅) ရဲ့ ဩဂုတ် ၅ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင် အတွင်းကို စစ်ကောင်စီက တပ်နေရာနဲ့တပ်စခန်းတွေ တိုးချဲ့နေတဲ့အပြင် စစ်လေယာဉ်နဲ့ပါ ကင်းထောက်တာတွေလုပ်နေတယ်လို၌ KNU တပ်မဟာ(၅)က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

“အဲဒီလို လှုပ်ရှားတဲ့အပေါ်မှာ KNLA တပ်မဟာ(၅)ဘက်ကလည်း ကိုယ့်ရဲ့ နယ်မြေဒေသ ကိုယ်ကာကွယ်တဲ့အနေနဲ့ အမြဲတမ်း တပ်ဖြန့်ထားတဲ့အပေါ်မှာ ထိတွေ့မှုတွေ ခဏခဏ ဖြစ်တာ။ တစ်ခါတလေကျရင် ထိတွေ့မှုတွေက တစ်နေ့တည်းကို နှစ်ခါသုံးခါရှိတယ်” လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

ဇူလိုင် ၂၃ရက်နောက်ပိုင်းမှာ စစ်ကောင်စီက ဖာပွန်ခရိုင်အတွင်း တပ်နေရာ ၃ ခု ထပ်တိုးချထားကြောင်း၊ ဩဂုတ် ၃ ရက်နဲ့ ၄ ရက်တွေမှာ စစ်လေယာဉ်နဲ့ လာရောက် ထောက်လှမ်းခဲ့ကြောင်း KNU တပ်မဟာ (၅) ရဲ့ ဩဂုတ် ၅ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ သူတို့လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) တို့က KNU တပ်မဟာ(၅)နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုတွေ တိုးလုပ်လာတာကြောင့် ဇူလိုင်လအတွင်း တိုက်ပွဲတွေနေ့စဉ်နီးပါး ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook