Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဒေါ်လာစျေး ၁၇၀၃ ကျပ်နဲ့ အမြင့်ဆုံးစံချိန်တင်

“ အခု​တော့ ​ဒေါ်လာ အဝယ်လိုက်​နေတယ်။ ​​ရောင်းသူ​တောင် ရှား​နေတယ်” လို့ ​ငွေလဲ​ကောင်တာပိုင်ရှင်တစ်ဦးက​ ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ​ခြောက်လ​ကျော်အတွင်း အ​မေရိကန် တစ်​ဒေါ်လာကို ၁၇၀၃ကျပ်အထိ မြင့်တက်လာ​ ပါတယ်။

​စစ်တပ်အာဏာမသိမ်းခင်က ဒေါ်လာ​ဈေးက တစ်​ဒေါ်လာ လျှင် ၁၄၂၀ ကျပ်သာရှိပြီး ၆ လ ​ကျော်အတွင်း ၂၈၃ ကျပ် မြင့်တက်လာခဲ့တာပါ။

“ အခု​တော့ ​ဒေါ်လာ အဝယ်လိုက်​နေတယ်။ ​​ရောင်းသူ​တောင် ရှား​နေတယ်” လို့ ​ငွေလဲ​ကောင်တာပိုင်ရှင်တစ်ဦးက​ ပြောပါတယ်။

​စစ်​ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က ​ဒေါ်လာ​ဈေးကျအောင် တစ်ဒေါ်လာ​ကို ၁၆၄၀ ကျပ်နဲ့ ထုတ်​ရောင်း​နေ​ပေမယ့် ​ဈေးကွက်အတွင်း မ​ရောက်ဘူးလို့ ​ငွေ​ကြေးလဲလှယ်သူတွေက ဆိုပါတယ်။

ကန်ဒေါ်လာလံနှုန်းက ၂၀၁၆ တုန်းက တစ်​ဒေါ်လာကို ၁၆၄၀ ကျပ်နဲ့အမြင့်ဆုံး​ရောက်ခဲ့ဖူးပေမယ့် အခုစျေးကတော့ အမြင့်ဆုံးစံချိန်တင်သွားတာဖြစ်ပါတယ်။