Connect with us

Hi, what are you looking for?

ဗီဒီယို

ဒေါ်လာစျေး ၁၇၀၃ ကျပ်နဲ့ အမြင့်ဆုံးစံချိန်တင်

“အခု​တော့ ​ဒေါ်လာ အဝယ်လိုက်​နေတယ်။ ​​ရောင်းသူ​တောင် ရှား​နေတယ်” လို့ ​ငွေလဲ​ကောင်တာပိုင်ရှင်တစ်ဦးက​ ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ​ခြောက်လ​ကျော်အတွင်း အ​မေရိကန် တစ်​ဒေါ်လာကို ၁၇၀၃ကျပ်အထိ မြင့်တက်လာ​ ပါတယ်။

​စစ်တပ်အာဏာမသိမ်းခင်က ဒေါ်လာ​ဈေးက တစ်​ဒေါ်လာ လျှင် ၁၄၂၀ ကျပ်သာရှိပြီး ၆ လ ​ကျော်အတွင်း ၂၈၃ ကျပ် မြင့်တက်လာခဲ့တာပါ။

“အခု​တော့ ​ဒေါ်လာ အဝယ်လိုက်​နေတယ်။ ​​ရောင်းသူ​တောင် ရှား​နေတယ်” လို့ ​ငွေလဲ​ကောင်တာပိုင်ရှင်တစ်ဦးက​ ပြောပါတယ်။

​စစ်​ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က ​ဒေါ်လာ​ဈေးကျအောင် တစ်ဒေါ်လာ​ကို ၁၆၄၀ ကျပ်နဲ့ ထုတ်​ရောင်း​နေ​ပေမယ့် ​ဈေးကွက်အတွင်း မ​ရောက်ဘူးလို့ ​ငွေ​ကြေးလဲလှယ်သူတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကန်ဒေါ်လာလံနှုန်းက ၂၀၁၆ တုန်းက တစ်​ဒေါ်လာကို ၁၆၄၀ ကျပ်နဲ့အမြင့်ဆုံး​ရောက်ခဲ့ဖူးပေမယ့် အခုစျေးကတော့ အမြင့်ဆုံးစံချိန်တင်သွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

စံချိန်တင်မြင့်တက်နေတဲ့ စက်သုံးဆီဈေးဟာ ဒီတစ်ပတ်မှာလည်း ဆက်လက်မြင့်တက်နေပြီး ဒီဇယ်တစ်လီတာ ကျပ်တစ်ထောင်ခန့် ထပ်မံတက်လာပါတယ်။

သတင်း

စက်သုံးဆီဈေး စံချိန်တင်မြင့်တက်နေပေမယ့် စက်သုံးဆီဆိုင်တွေမှာ ဆီတန်းစီသူ‌တွေနဲ့ ကြိတ်ကြိတ်တိုးတန်းစီနေဆဲဖြစ်ပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။