Connect with us

Hi, what are you looking for?

ဗီဒီယို

အ​မေရိကန်မှာ Covid နဲ့ ဆေးရုံတက်ရတဲ့ ကလေးဦးရေ စံချိန်တင် တက်လာ

ဩဂုတ်လ ၄ ရက်ကနေ ၁၀ ရက်အတွင်းမှာ တစ်နေ့ကို ပျမ်းမျှ ကလေး ၂၄၆ ဦးလောက် ကိုဗစ်ရောဂါနဲ့ ဆေးရုံ ရောက်ခဲ့တယ်လို့ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Covid-19 ကပ်ရောဂါကြောင့် ကလေးတွေ ဆေးရုံတက်ရတဲ့ အရေအတွက်ဟာ အမေရိကန်မှာ စံချိန်တင် မြင့်တက်လာနေပါတယ်။

ဩဂုတ်လ ၄ ရက်ကနေ ၁၀ ရက်အတွင်းမှာ တစ်နေ့ကို ပျမ်းမျှ ကလေး ၂၄၆ ဦးလောက် ကိုဗစ်ရောဂါနဲ့ ဆေးရုံ ရောက်ခဲ့တယ်လို့ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကလေးတွေမှာ ရောဂါလက္ခဏာ အရမ်းပြင်းထန်တဲ့ အဆင့်ထိ ရောက်တဲ့ အချိုးအစားကလည်း ဇူလိုင်လကစပြီး မြင့်တက်လာတယ်လို့ CDC က ဆိုပါတယ်။ ဒါဟာ အမေရိကန် နိုင်ငံအနှံ့မှာ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှုတွေနဲ့လည်း တိုက်ရိုက် ဆက်စပ်နေပါတယ်။

ပုံမှန်ဆိုရင်တော့ အသက် ၁၈ နှစ်အောက် လူငယ်ပိုင်းတွေနဲ့ ကလေးတွေဟာ ရောဂါဒဏ်ကို သိပ်ပြီး ဆိုးဆိုးရွားရွား ခံစားရလေ့ မရှိပါဘူး။ ကလေးတွေမှာ Covid-19 ရောဂါ အရမ်းပြင်းထန်တာမျိုးက ကူးစက်ခံရသူ ဦးရေနဲ့ ယှဉ်ရင် အချိုးအစား အရမ်းနည်းပါတယ်။ ဩဂုတ် ၅ ရက်ထိ စာရင်းတွေအရ အမေရိကန်မှာ ရောဂါ ကူးစက်ခံရတဲ့ ကလေး အရေအတွက် ၄.၃ သန်းနီးပါးထိ ရှိခဲ့ပြီး ဆေးရုံတက်ရတဲ့ အရေအတွက်က ၁.၅ ကနေ ၃.၅ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

CDC ကတော့ ကျောင်းတွေမှာလည်း ကလေးတွေကို အနည်းဆုံး ၃ ပေခြားပြီး နေရာချဖို့၊ ကိုယ်ပူချိန်တိုင်းဖို့၊ ကျောင်းခန်းတွေ လေဝင်လေထွက်ကောင်းအောင် စီစဉ်ဖို့ ညွှန်ကြားထားကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့ မတ်လ ၅ရက်က တိုက်ပွဲအတွင်းမှာ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-ဇိုဖေ တပ်ရင်း(၁)မှ ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း CDF ဇိုဖေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသတွင်း ရေလမ်းကြောင်းတွေရဲ့ လုံခြုံရေး အာမခံချက်ကို အမေရိကန်က ဖြည့်ဆည်းပေးနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ အာဏာသိမ်းတဲ့ (၅)နှစ်ပြည့်မှာ စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေက သွေးသစ္စာသီချင်း သံပြိုင်သီဆိုပြီး အချက်သုံးချက် တောင်းဆိုခဲ့တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကထုတ်ပြန်ထားပါတယ်။