Connect with us

Hi, what are you looking for?

ဗီဒီယို

ကိုဗစ်ကြောင့်သေဆုံးတာ ရန်ကုန်မှာ သိသိသာသာလျော့လာတယ်

ဂျူလိုင်လဆန်းပိုင်းကစလို့ ရန်ကုန်က သချိုင်းတွေမှာ အလောင်းတွေသဂြိုဟ်ဖို့ စုပြုံတန်းစီရတဲ့အခြေအနေတွေဖြစ်ခဲ့ပြီး ဂျူလိုင်လလယ်မှာတော့ အဆိုးဆုံးအခြေအနထိဖြစ်ခဲ့တာပါ။

သြဂုတ်လစန်းပိုင်းလောက်ကစလို့ ရန်ကုန်မှာ ကိုဗစ်နဲ့သေဆုံးတာ သိသိသာသာလျော့ကျလာတယ်လို့ နာရေးကူညီမှုအသင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဂျူလိုင်လဆန်းပိုင်းကစလို့ ရန်ကုန်က သချိုင်းတွေမှာ အလောင်းတွေသဂြိုဟ်ဖို့ စုပြုံတန်းစီရတဲ့အခြေအနေတွေဖြစ်ခဲ့ပြီး ဂျူလိုင်လလယ်မှာတော့ အဆိုးဆုံးအခြေအနထိဖြစ်ခဲ့တာပါ။

ဒဂုံမြို့နယ်ထဲက နေအိမ်တစ်အိမ်မှာ သားအဖနှစ်ဦးသေဆုံးနေတဲ့ ရုပ်သံဖိုင်တစ်ခုက ဆိုရှယ်မီဒီယာမှာ အတော်ပြန့်ခဲ့ပါတယ်။ အဲဒီရုပ်သံကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး သားအဖနှစ်ဦးနာရေးကို ဆောင်ရွက်ပေးခဲ့တဲ့ မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်း (ဒဂုံမြို့သစ်အရှေ့ပိုင်း) ရဲ့ ဥက္ကဌ ဦးမင်းဒင်က လက်ရှိအခြေအနေကို အခုလို ပြောပြပါတယ်။

“ သချိုင်းမှာ အခုတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီ။ ကိုဗစ်မရှိခင် မိုးတွင်းကာလ ပုံမှန်သဂြိုဟ်တဲ့အနေအထားမျိုးပါပဲ။ နာရေးကားတွေန်းစီရတာမျိုးလည်းလုံးဝမရှိတော့ပါဘူး။ ခုဒီရက်ပိုင်းက တစ်လောင်း ၂ လောင်းရှိတယ်။ တစ်ခါတစ်လေကျလည်းလုံးဝမရှိတဲ့ ရက် ၂ ရက်လောက်ရှိတယ်” လို့ ဦးမင်းဒင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင်လလယ်ပိုင်းကစလို့ သေဆုံးနှုန်းတအားမြင့်တက်လာခဲ့ပြီးတော့ နာရေးအသင်းတွေမနိုင်မနင်းဖြစ်တဲ့အခြေအနေထိရှိခဲ့တယ်လို့ ဇူလိုင်လအတွင်းက အခြေအနေတွေကို ရှင်းပြပါတယ်။

“ ဇူလိုင် ၈ ရက် ၉ ရက်မှာ တစ်နေ့ကို ၇ လောင်း ၈ လောင်းကနေစတက်လိုက်တာ၊ ဇူလိုင် ၁၇ ရက် ၁၈ ရက်လောက်ကျ အလောင်းတွေတအားများလာတယ်ဗျ။ ဇူလိုင် ၁၉၊ ၂၀ လောက်ကျတော့ ကျွန်တော်တို့အနေနဲ့ မနိုင်မနင်းဖြစ်တဲ့အနေအထားတွေဖြစ်ခဲ့တာပေါ့” လို့ သူတို့တစ်ဖွဲ့ထဲ အတွေ့အကြုံကို ရှင်းပြပါတယ်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၁ ရက်ကနေ ဇူလိုင် ၁၅ ရက်အထိ COVID-19 ကြောင့် သေဆုံးသူ ၁၀၁၂ ဦးရှိတယ်လို့ သိရပါတယ်။ ဒီအရေအတွက်က ဆေးရုံတက်ခွင့်မရလို့ နေအိမ်တွေမှာ သေဆုံးသွားရသူတွေမပါပါဘူး။


စစ်ကောင်စီစာရင်းအရ ဇူလိုင်လ အစောပိုင်းတွေမှာ သေဆုံးသူ ဆယ်ဂဏန်းခန့်သာ ရှိခဲ့ပေမဲ့လည်း ဇူလိုင် ၆ ရက်ကနေစပြီး သေဆုံးမှုနှုန်းက တစ်ရက်ကို ၅၀ ကျော်ဖြစ်လာခဲ့တာပါ။ စစ်ကောင်စီရဲ့ တစ်နိုင်ငံလုံးနေ့စဥ်သေဆုံးအရေအတွက်က ၃၀၀ ကျော်မှာပဲရှိခဲ့ပေမယ့် ဇူလိုင် ၈ ရက်ကစလို့ ရန်ကုန်တိုင်းထဲက သုသာန် ၇ ခုစုစုပေါင်းသင်္ဂြိုဟ်ရတဲ့ အရေအတွက်ကတင် တစ်ရက်ကို ၄၀၀ ကျော်အထိမြင့်လာခဲ့တယ်လို့ ရန်ကုန်မြို့တော်စည်ပင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့သန့်ရှင်းရေးဌာန ဒုတိယဌာနမှုး ဒေါက်တာမြင့်ဇော်က ဇူလိုင် ၁၉ ရက်က စစ်ကောင်စီမီဒီယာမှာ ပြောခဲ့ပါတယ်။

ပုံမှန်က သုသာန် ၇ ခု မှာ သာမန်နာမကျန်းလို့ သေဆုံးတဲ့အရေအတွက်က တစ်ရာကျော်ပဲ ရှိခဲ့တာလို့ ဆိုပါတယ်။

အခုရက်ပိုင်းမှာ နာရေးတွေပါးသွားတော့ နာကူအဖွဲ့တွေလည်းအနားရလာကြောင်းနဲ့ နာရေးက တစ်နေ့ ၂ ခုလောက်ပဲ ပို့ရတော့လို့ သေဆုံးမှုထိုးကျသွားတာဝမ်းသာစရာကောင်းတယ်လို့ ဘိုစိန်လူမှုကူညီကယ်ဆယ်ရေးအသင်း(ရန်ကုန်) ဥက္ကဌ ကိုဘိုစိန်က ပြောပါတယ်။

ဇူလိုင်လလည်လောက်က သူ့အသင်းအနနဲ့ဆို တစ်ရက်ထဲ ၇ လောင်း ၈ လောင်းအထိ မနားတမ်းပို့ရတာတွေရှိခဲ့တယ်လို့ ကိုဘိုစိန်က ပြောပါတယ်။


ရန်ကုန်မြို့က သုသာန်တွေမှာ မီးသင်္ဂြိုဟ်ဖို့အခက်အခဲတွေဖြစ်လာလို့ ဝေဖန်မှုတွေမြင့်တက်လာချိန်မှာ စစ်ကောင်စီက တစ်ရက်တည်း အလောင်း ၃၀၀၀ ကျော် သင်္ဂြိုဟ်နိုင်မယ့် မီးဖိုး ၁၀ လုံးကို တိုးချဲ့တည်ဆောက်နေပြီလို့ ဇူလိုင် ၂၇ ရက်က ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်မြို့မှာမြန်မာစကားမပြောတဲ့ အသားဖြူဖြူ မျက်လုံးပေါက်ကျဉ်းကျဉ်း မျက်နှာစိမ်းတွေ တိတ်တဆိတ် ရောက်နေပါတယ်။ ကျားဖြန့်နှိမ်နင်းဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ တရုတ်ရဲတပ်ဖွဲ့က အရာရှိနဲ့ တပ်ဖွဲ့ဝင်တချို့ ရန်ကုန်မြို့မှာရောက်​​နေပြီလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ တရားရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ နှိုးဆော်တဲ့ အနေနဲ့ လူစည်ကားတဲ့ ရန်ကုန်မြို့လယ်က ဆူးလေလူကူးတံတားအနီးမှာ ရန်ကုန်လူထုသပိတ်က ဆိုင်းဘုတ်ချပြီး ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်‌ကောင်စီလုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမပေါ်က ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။