Connect with us

Hi, what are you looking for?

ဗီဒီယို

တောထဲမှာပြေးရတဲ့လူတွေကျတော့ လိုအပ်ချက်တွေအများကြီးရှိတယ်

စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံ အိမ်ထောင်စု ၁၅၀ ကျော် ခန့်မှန်းလူဦးရေ ၅၀၀ ဝန်းကျင်အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ KHRG အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောလင်းထက်က ပြောပါတယ်။

ကော့ကရိတ်မြို့ အာရှလမ်းမအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား လေးရက်တာအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၅၀၀ ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)ထံကနေ သိရပါတယ်။

အောက်တိုဘာ ၁၁ ရက်ကနေ ၁၄ ရက်အတွင်း ကော့ကရိတ်မြို့ အာရှလမ်းမအနီး ကော့နွဲ့ အောင်ကလော ရွာသစ်စတဲ့ကျေးရွာတွေမှာ KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ကျေးရွာတွေထဲကို ပစ်ခတ်ခဲ့တာပါ။

စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံ အိမ်ထောင်စု ၁၅၀ ကျော် ခန့်မှန်းလူဦးရေ ၅၀၀ ဝန်းကျင်အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ KHRG အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောလင်းထက်က ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောလင်းထက်ကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။